မွန်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တော်အကြီးအကဲများကို စစ်ဆေးမှု ရှေ့နှစ်ပတ်အတွင်း အဆုံးသတ်မည်

မွန်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တော်အကြီးအကဲများကို စစ်ဆေးမှု ရှေ့နှစ်ပတ်အတွင်း အဆုံးသတ်မည်

ရန်ကုန် ၊ ဒီဇင်ဘာ ရ ။             ။ မွန်ပြည်နယ် ၀န်ကြီးချုပ် ၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့အား  လာမည့်နှစ်ပတ်အတွင်း အပြီးသတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း   လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

"ကျွန်တော်ထင်ပါတယ်။ နောက်နှစ်ပတ်လောက်ပေါ့။ ဒါပြီးရင် CEC ကို တင်ရမှာပါ" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

စစ်ဆေးနေမှုများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်မပေးလိုသေးကြောင်းနှင့် စစ်ဆေးပြီးမှသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်စာများ မှန် မမှန် လေ့လာသုံးသပ်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ၊ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦး ခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့အား ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ပြီး စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက တိုင်တန်းမှုများနှင့်ပတ်သက်ပြီး " ဒါ Facebook ပေါ်မှာ အခြေခံပြီး ဖြစ်ရတာ ဆိုတော့ အဲ့ဒါကို ကော်မရှင်အနေနဲ့ သုံးသပ်လိုက်ရင် အဖြေမှန်က ဘယ်သူမှားတယ် ဘယ်သူမှန် တယ် ပေါ်လာမှာပေါ့" ဟု ပြောသည်။

လေ့လာသုံးသပ်ရေးအဖွဲ့၏ စစ်ဆေးမေးမြန်းမှုများဖြင့် ပတ်သက်ပြီး မွန်ပြည်နယ် ၀န်ကြီးချုပ်အား ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

မွန်ပြည်နယ်နှင့် တနင်္သာရီဒေသကြီးအတွင်းမှ တိုင်စာများရောက်ရှိလာသည့်အတွက် အဆိုပါတိုင်စာများ မှန်မမှန် စစ် ဆေးရန် ဦးဉာစ်ဝင်းဦးဆောင်သည့် လေ့လာသုံးသပ်ရေးအဖွဲ့ကိုဖွဲ့စည်းကြောင်း နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် အမျိုးသား ဒီ မိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

 အဆိုပါအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်အဖြစ် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required