ဘရာဇီးဘောလုံးအသင်းပါဝင်သော လေယာဉ်ပျက်ကျမှုအတွက် ယနေ့ မြန်မာထိုင်းပွဲစဉ် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မည်

ဘရာဇီးဘောလုံးအသင်းပါဝင်သော လေယာဉ်ပျက်ကျမှုအတွက် ယနေ့ မြန်မာထိုင်းပွဲစဉ် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မည်
Photo - MFF
 

ကိုလံဘီယာသို့ စင်းလုံးငှားလေယာဉ်ဖြင့် သွားရောက်စဉ် လေယာဉ်ပျက်ကျ၍ အသက်ဆုံးရှုံးခဲ့သည့် အုပ်ချုပ်သူ၊နည်းပြ၊ ကစားသမား အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၄ရက်နေ့ ညနေ ၆နာရီတွင် ယှဉ်ပြိုင်မည့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ဖြစ်သည့် မြန်မာနှင့်ထိုင်းအသင်းတို့ပွဲစဉ် မစတင်မီ နှစ်ဖက်အသင်းသားများနှင့် အတူ ဘောလုံးပရိသတ်များ တစ်မိနစ်ငြိမ်သက် ဆုတောင်းမည်ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

ဘရာဇီး စီးရီးအေ အမှတ်ပေးပြိုင်ပွဲဝင် ချာပီကိုအန်ဆီ အသင်း ၂၀၁၆ Copa Sudamericana ပြိုင်ပွဲ(တောင်အမေရိက ကလပ်အသင်းများပြိုင်ပွဲတွင် ဒုတိယအဆင့်မြင့်ဆုံး)ဗိုလ်လုပွဲ ပထမအကျော့ယှဉ်ပြိုင်ရန် သွားရောက်စဉ် လေယာဉ်ပျက်ခဲ့ပြီး ပျက်ကျမှုမှာ လေယာဉ်ဆီလုံးဝကုန်ခမ်းသွားမှုကြောင့်ဖြစ်သည်ဟု ကိုလံဘီယာလေယာဉ်အာဏာပိုင်များက ပြောထားသည်။

မက်ဒလင်းတွင် နိုဝင်ဘာ ၃၀ ရက် ဗိုလ်လုပွဲအတွက် ဘရာဇီးဘောလုံးအသင်း ရှာပါးကွင်းစ် က အဆိုပါ လေယာဉ်တွင် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်သည်  နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required