EFL Cup ဆီမီးတွင် မန်ယူ-ဟားလ်စီးတီး၊ လီဗာပူးလ်-ဆောက်သမ်တန်တို့ တွေ့ဆုံ

EFL Cup ဆီမီးတွင် မန်ယူ-ဟားလ်စီးတီး၊ လီဗာပူးလ်-ဆောက်သမ်တန်တို့ တွေ့ဆုံ

ဒီဇင်ဘာ ၁၊ မန်ချက်စတာ။             ။ EFL Cup ဆီမီးအတွက်မဲခွဲခဲ့ရာ မန်ယူနှင့် လီဗာပူးလ်အသင်းတို့သည် ဗိုလ်လုပွဲတွင် တွေ့ဆုံနိုင်ဖွယ်ရှိသည့် လမ်းကြောင်းပေါ်၌ ရှိနေသည်။

မန်ယူအသင်းသည် ဗုဒ္ဓဟူးညက အိုးထရက်ဖို့ဒ်တွင် ဝက်စ်ဟမ်းအသင်းကို မာရှယ်၊ အီဘရာဟီမိုဗစ်တို့ နှစ်ဂိုးစီသွင်းယူသည့် ဂိုးများဖြင့် ၄-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။

မန်ယူအနေဖြင့် နယူးကာဆယ်ကို ပင်နယ်တီဖြင့်အနိုင်ယူကျော်ဖြတ်လာသည့် ဟားလ်စီးတီးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ပြီးခဲ့သည့်ရာသီကထက် ပိုကောင်းလာသည့် ဂျာဂင်ကလော့ပ်၏ လီဗာပူးလ်အသင်းမှာ ဆောက်သမ်တန်နှင့် ကစားရမည် ဖြစ်သည်။

လီဗာပူးလ်အသင်းမှာ လိဒ်ယူနိုက်တက်ကို ၂-၀ ဖြင့်နိုင်ကာ ဆီမီးတက်လာခဲ့ခြင်းဖြစ်သည်။ ဆောက်သမ်တန်အသင်းမှာ အာဆင်နယ်ကို ၂-၀ ဖြင့်အနိုင်ရကာ ဆီမီးတက်လာခဲ့သည်။

ဝက်စ်ဟမ်းကိုနိုင်သည့်ပွဲတွင် ပွဲကြီးကြပ်ခွင့်မရခဲ့သည့် မော်ရင်ဟိုက ပွဲစဉ်ဇယားအပေါ် ကျေနပ်ပျော်ရွှင်မိသည်ဟု ပြောသည်။ “ဒီနေရာကိုရောက်လာတဲ့အသင်းတွေဟာ ပြိုင်ပွဲမှာ အတော်လေးအားစိုက်ထားတဲ့ အသင်းတွေဖြစ်လို့ ပွဲစဉ်ဇယားနဲ့ ပတ်သက်ပြီး ကျွန်တော် တည်တည်ငြိမ်ငြိမ်ပါပဲ။

ဟားလ်စီးတီးအသင်းဟာ ဝင်ဘာလေကနေ အံ့အားသင့်ဖွယ်အမှတ်တရတစ်ခုရှိနေပြီး လုပ်နိုင်သမျှလုပ်ဖို့ကြိုးစားလာမယ် ဆိုတာ ကျွန်တော်သေချာပြောရဲပါတယ်”ဟု မော်ရင်ဟိုက ဆိုသည်။

ဆီမီးပထအကျော့ပွဲများကို ၂၀၁၇ ဇန်နဝါရီ ၉ တွင်ကစားမည်ဖြစ်ပြီး ဒုတိယအကျော့မှာ နှစ်ပတ်အကြာ ဇန်နဝါရီ ၂၄ သို့မဟုတ် ၂၅ တွင် ကစားမည်ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required