စစ်​​တွေမှာ လူ​သောင်​းချီစု​ဝေး​နေ၊ စစ်​တပ်​၊ ရဲ လုံခြံု​ရေးအပြည်​့ချထား

စစ်​​တွေမှာ လူ​သောင်​းချီစု​ဝေး​နေ၊ စစ်​တပ်​၊ ရဲ လုံခြံု​ရေးအပြည်​့ချထား

စစ်​​တွေ၊ နိုဝင်​ဘာ ၂၁ ။           ။ ရခိုင်​ပြည်​​နယ်​၊ စစ်​​တွေမြို့နယ်​၊ ဓညဝတီရပ်​ကွက်​တွင်​ ​နိုဝင်​ဘာ ၂၁ရက်​ ည ၈နာရီခွဲခန်​့က သောင်​းနဲ့ချီတဲ့ လူစုလူ​ဝေး​တွေ စု​ဝေး​ရောက်​ရှိလာတဲ့အတွက်​ စစ်​တပ်​ နှင်​့ ရဲ လုံခြံု​ရေး​တွေ အပြည်​့ချထားရပါတယ်​လို့ အဲ့ဒီ့​နေရာကို ​ရောက်​​နေတဲ့ RiA သတင်​း​ထောက်​က သတင်​း​ပေးပို့ပါတယ်​။

​ဘင်္ဂလီ​ထောင်​နဲ့ချီ စစ်​​တွေရွာ​တွေကို ​ရောက်​လာတယ်​ဆိုပြီး ​ကောလာဟလသတင်​း​တွေ ထွက်​​ပေါ်လာတဲ့အတွက်​ အခုလို လူ​တွေစု​ဝေး ​ရောက်​ရှိလာတာပါ။

အာဏာာပိုင်​​တွေက ဒီသတင်​းဟာ ​ကောလာဟလလို့ရှင်​းပြပြီး လူစုလူ​ဝေးကို ခွဲဖို့ ​ဖြောင်​းဖျ​ပေမယ်​့ ဘယ်​သူမှ မပြန်​ကြသလို အာဏာပိုင်​တွေကလည်​း ဆက်​ရှိ​နေဆဲပါ။

စစ်​​တွေမြို့မှာ ည ရနာရီ​ကျော်​ကတည်​းက လျှပ်​စစ်​မီး​တွေပျက်​​တောက်​​နေပြီး ယခုတိုင်​ မလာ​သေးတာ​ကြောင်​့လည်​း လူထု​တွေက ပိုမို စိုးရိမ်​​နေကြပါတယ်​။

ယခု ဖြစ်​ပွား​နေသည်​့​နေရာသို့ ရခိုင်​ပြည်​နယ်​ ရဲမှူးကြီးနဲ့တကွ ​ဒေသတာဝန်​ရှိသူ​တွေ ​ရောက်​ရှိ​နေပါတယ်​။

ဘင်္ဂလီရွာ​​တွေအနီး စစ်​​တွေတက္ကသိုလ်​ရှိရာလမ်​းမှာလည်​း စစ်​ကား​တွေ၊ ရဲကား​တွေ လုံခြံု​ရေးအပြည်​့ချထားတာကို ​တွေ့ရပါတယ်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required