လိပ်ကျွန်း သေဒဏ်ကျ မြန်မာ ၂ ဦး၏ အယူခံအပေါ် အစုုိးရရှေ့နေဘက်က ဖြေရှင်းချက်မပေးနုုိင်သေး

လိပ်ကျွန်း သေဒဏ်ကျ မြန်မာ ၂ ဦး၏ အယူခံအပေါ် အစုုိးရရှေ့နေဘက်က ဖြေရှင်းချက်မပေးနုုိင်သေး

ချင်းမိုင်၊ နိုဝင်ဘာ ၁၁ ။            ။ ထုုိင်းနုုိင်ငံတောင်ပုုိင်း လိပ်ကျွန်းတွင် ဗြိတိန်နုုိင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာနုုိင်ငံသား နှစ်ဦးအမှုတွင် တရားခံဘက်မှ အယူခံတင်ထားသည့်အပေါ် ထိုင်းအစိုးရရှေ့နေဘက်က နိုဝင်ဘာ ၁၀ရက်၌ အယူခံတရားရုံးတွင် လာရောက်ဖြေရှင်းချက် ပေးရမည်ဖြစ်သော်လည်း လာရောက်မဖြေရှင်းနိုင်သည့်အတွက် ရုံးချိန်းကို တစ်ပတ်ရွှေ့ဆိုင်းပေးလိုက်ရသည်။

နိုဝင်ဘာ ၁၀ရက်သည် ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်းတိုု့ အယူခံအပေါ် ထုုိင်းအစုုိးရရှေ့နေဘက်က ဖြေရှင်းချက် လျှောက်လဲချက် တင်ရမည့် နောက်ဆုံုးရက်ဖြစ်သော်လည်း ထိုင်းအစိုးရ ရှေ့နေဘက်မှ အဆင်သင့်မဖြစ်သေးသဖြင့် တစ်ပတ် ထပ်မံရက်ချိန်းပေးလိုက်ရခြင်းဖြစ်သည်ဟု မြန်မာသံရုံုး အထူးစုံုစမ်းရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အစုုိးရ ရှေ့နေတွေဘက်က တင်ရမဲ့ လျှောက်လဲချက်ကုုိ မတင်ဘူးလုုိ့ သိရပါတယ်။ တရားရုံးအနေနဲ့ လာမယ့် အပတ်ထဲက အယူခံ တရားရုံုးကနေပြီးတော့ ထုုိင်းနုုိင်ငံတောင်ပုုိင်း အမှတ် (၁) တရားရုံုးကုုိ အကြောင်းကြားပြီးတော့ လျှောက်လဲချက် စာရွက်တင်ဖုုိ့အတွက်ကုုိ ဆင့်စာပေးမယ်လုုိ့ သိရပါတယ်။ ဒီအယူခံလျှောက်လဲချက်တင်ပေးဖုုိ့ အကြောင်းကြားတယ်လုုိ့ သိရပါတယ်”ဟုု သူက မဇ္ဈိမကုုိ ပြောသည်။

အမှန်တကယ် မြန်မာနုုိင်ငံသားနှစ်ဦး၏ အယူခံအပေါ် အစုုိးရရှေ့နေဘက်က ဖြေရှင်းချက် တင်ပြရမည်ဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် တရားရုံးအနေဖြင့် ပြည့်စုံုစေလုုိသည့်အတွက် ထပ်မံ ဆောင်ရွက်ခြင်းဖြစ်နုုိင်သည်ဟုု ယူဆကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“သူတုုိ့ကတော ့အစုုိးရရှေ့နေ၊ နုုိင်ငံ့ဝန်ထမ်းဖြစ်တယ်။ အမှန်ကတော့ သူတိုု့ လျှောက်လဲချက် တင်ရမဲ့ သဘောရှိပါတယ်။ အဲတော့ အထက်တရားရုံုးတွေကလည်း အောက်ရုံုးမှာ မှန်မှန်ကန်ကန်အမှု ဆောင်ရွက်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလုုိဆောင်ရွက်တဲ့အခါမှာ အယူခံ အမှုတွဲတခုုရဲ့ အယူခံလျှောက်လွာ၊ မူလအမှုတွဲ အစုုိးရရှေ့နေဘက်က ထုုချေ လျှောက်လဲချက်ဆုုိတဲ့ ပြည့်စုံုရမှာပါ။ ပြည့်စုံုတဲ့အခါမှာ ဘယ်လုုိအမိန့်ချချ သင့်တော်တယ်လုုိ့ မြင်ကြတာပါ။ အဲဒီလုုိဖြစ်အောင် စီစဉ်ဆောင်ရွက်တယ်လို့ပဲ ထင်ပါတယ်။ မတင်ရင်တော့ သူတုုိ့ဘက်က ထောက်ကွက်ဖြစ်သွားမှာပါ။ ဒါပေမဲ့ သူတုုိ့ ခုုိင်လုံုတဲ့အကြောင်းရှိလုုိ့ တရားရုံုးက ဒီလုုိ အခွင့်အရေးပေးတယ်လုုိ့ မြင်တယ်”ဟုု သူက ပြောသည်။

တရားဥပဒေအတုုိင်း အထက်တရားရုံုးများ၏ မျှတမှန်ကန်စွာ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ထုုိသုုိ့ဆောင်ရွက်ရာတွင် ဘက်စုံုမှ တရားရုံုး အမှုတွဲတွင် ပြည့်စုံုလုုိ၍ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုု သူက ပြောသည်။

ထုုိင်းအစုုိးရ ရှေ့နေဘက်မှ အယူခံအပေါ် အပြီးသတ် ဆုံုးဖြတ်ချက်ကုုိ ယခုု နှစ်ကုုန်ပုုိင်း သုုိ့မဟုုတ် လာမည့် ၂၀၁၇ ခုုနှစ် နှစ်ဆန်းပုုိင်းတွင် ချမှတ်နုုိင်ဖွယ်ရှိသည်ဟုု ဦးအောင်မျိုးသန့်က ပြောသည်။ ဆုံုဖြတ်ချက် မချမှတ်မီ ကုုိဇော်လင်းနှင့် ဝင်းဇော်ဦးတုုိ့၏ မိခင်များကုုိ ထုုိင်းနုုိင်ငံသုုိ့ ပုုိ့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ကော့စမွီတရားရုံးတွင် ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်းတုုိ့ကုုိ သေဒဏ်ချမှတ်ခဲ့ပြီးနောက် ၂၀၁၆ ခုုနှစ် မေလ ၂၃ ရက်က တရာခံများ၏ ရှေ့နေဘက်က စာမျက်နှာပေါင်း ၁၈၉မျက်နှာပါ အယူခံ လျှောက်လဲချက် တင်ခဲ့ရသော်လည်း အယူခံတင်ပြီး ၆ လ ကြာသည့်တုုိင် တရားရုံးချိန်း ၁၀ချိန်းအထိ ထုုိင်းအစုုိးရ ရှေ့နေဘက်မှ ဖြေရှင်းချက် မပေးနုုိင်သေးပေ။

၂၀၁၄ ခုုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နုုိင်ငံသား အသက် ၂၄ နှစ် ဒေဗစ်မေလနှင့် အသက် ၂၃ နှစ် ဟန်နား ဝစ်သာရစ်ချ်တုုိ့ အသတ်ခံရမှုတွင် လိပ်ကျွန်းတွင် အလုုပ်လုုပ်ကုုိင်နေသော ကုုိဇေ်ာလင်းနှင့် ကုုိဝင်းဇော်ထွန်းတိုု့ကုုိ တရားစွဲ၍ သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required