Bella Hadid နဲ့ The Weeknd တို့လမ်းခွဲ

Bella Hadid နဲ့ The Weeknd တို့လမ်းခွဲ

သတင်းတွေအရ Bella Hadid နဲ့ The Weeknd တို့ဟာလမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ Grammy ဆုပိုင်ရှင် The Weekend နဲ့ နာမည်ကြီးမော်ဒယ် Bella Hadid တို့ဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာတုန်းကလည်း လမ်းခွဲခဲ့ဖူးပြီး ယခုအကြိမ်နဲ့ဆိုရင် နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ The Weekend လို့နာမည်ကျော်ကြားတဲ့ Abęl Makkonen Tesfaye  ဟာ အသက် ၂၀ အရွယ်ရှိပြီ ဖြစ်တဲ့မော်ဒယ် Bella Hadid  နဲ့ လမ်းခွဲရတဲ့ အကြောင်းကတော့ သူ့ရဲ့အချိန်ဟာ အရမ်းနည်းပါးလှပြီး သူဟာ သူ့ရဲ့တေးအယ်လ်ဘမ်အသစ် အပေါ်ကိုပဲ အာရုံစိုက်ချင်လို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မေတ္တာထုထည် အခိုင်အမာ ကျန်ရှိနေသေးပြီး အရင်းနှီးဆုံး သူငယ်ချင်းတွေအဖြစ် နေထိုင်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly