မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးခံထားရသည့် ဖိိလစ်ပိုင်မြို့တော်ဝန် ထောင်ထဲတွင် အသတ်ခံရ

မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးခံထားရသည့် ဖိိလစ်ပိုင်မြို့တော်ဝန် ထောင်ထဲတွင် အသတ်ခံရ

မနီလာ၊ နိုဝင်ဘာ ၅ ။           ။ တရားမဝင်မူးယစ်ဆေးဝါး ကုန်ကူးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဖိလစ်ပိုင်နိုင်ငံမှ မြို့တော်ဝန်တစ်ဦးသည် နိုဝင်ဘာ ၅ ရက်က အကျဉ်းထောင်အတွင်း အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

နိုင်ငံအလယ်ပိုင်း လိုင်တေးကျွန်းရှိ အယ်လ်ဘူရီးယာမြို့တော်ဝန် ရိုလန်ဒိုအက်စ်ပန်နိုဆာနှင့် ၎င်း၏သားဖြစ်သူ တို့သည် မူးယစ်ဆေးရောင်းဝယ်မှုများ လုပ်ဆောင်နေကြောင်း သမ္မတဒူတာတေးက သြဂုတ်တွင် စွပ်စွဲပြောကြားခဲ့ပြီး ၎င်းတို့အား ဖမ်းဆီးရန်နှင့် ပြန်လည်ခုခံပါက ပစ်ခတ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့သည်။

မိမိအသတ်မခံရစေရန် အက်စ်ပန်နိုဆာက ရဲတပ်ဖွဲ့အကြီးအကဲထံတွင် အောက်တိုဘာလအတွင်းက အဖမ်းခံခဲ့သည်။

အောက်တိုဘာ ၅ ရက် နံနက်စောစောပိုင်းတွင် အကျဉ်းထောင်အတွင်း လက်နက်များလိုက်လံရှာဖွေသည့် လုံခြုံရေးများကို အက်စ်ပန်နိုဆာက ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

“သူက လုံခြုံရေးတွေကို ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်ခံရပြီး သေဆုံးသွားတာပါ” ဟု စုံစမ်းရေးအဖွဲ့အကြီးအကဲ လီယိုလာရာဂါက ပြောကြားသည်။

၎င်းနှင့်အတူ ပြန်လည်ပစ်ခတ်သည့် အခြားအကျဉ်းသားတစ်ဦးလည်း သေဆုံးသွားကြောင်း သိရသည်။

အကျဉ်းထောင်အတွင်း လက်နက်နှင့် မူးယစ်ဆေးများ ရောက်ရှိသွားခြင်းနှင့်ပတ်သက်၍  စုံစမ်းမှုများကိုလည်း ပြုလုပ်သွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required