နိုဝင်ဘာ ၅၊ မန်ချက်စတာ။ ။ ကစားသမားရှစ်ဦးအထိရောင်းထုတ်ရန်ရှိနေသည့် မန်ယူအသင်းသည် ဒီယေဂို ဂိုဒင်ကို ပေါင်သန်း ၃၀ ဖြင့်ကမ်းလှမ်းရန် ရှိနေသည်။ အိုးထရက်ဖို့ဒ်တာဝန်ရှိ သူများသည် လာမည့်ရာသီမတိုင်မီ ကစားသမားရှစ်ဦးခန့်ရောင်းထုတ်ရန် နည်းပြမော်ရင်ဟိုကို ခွင့်ပြုပေးမည်ဖြစ်သည်။
မန်ယူအသင်းသည် အက်သလက်တီကို ဗဟိုနောက်ခံလူ အသက် ၃၀ နှစ်ရှိ ဂိုဒင်ကို ဇန်နဝါရီကာလအတွင်း စာချုပ်ပါပြောင်း ရွှေ့ကြေးအပြင် လက်ရှိတစ်ပတ်လုပ်ခ ပေါင် ၇၀,၀၀၀ ပေးရန် သဘောတူကာ ကမ်းလှမ်းဖွယ်ရှိနေခြင်းဖြစ်သည်။
ဗဟိုနောက်ခံနေရာတွင် ဒါလေဘလိုင်း၊ ရိုဟိုတို့ကို အသုံးပြုနေရသည့် နည်းပြမော်ရင်ဟိုမှာ ခံစစ်အခက်အခဲကိုဖြေရှင်းရန် ဂိုဒင်ကို လိုအပ်သည်ဟု ပြောဆိုထားသည်။
ဂိုဒင်သည် စပိန်လာလီဂါတွင် အကောင်းဆုံးနောက်ခံလူများထဲမှတစ်ဦးအဖြစ် နှစ်အတန်ကြာခြေစွမ်းပြနေသည့်အပြင် ဥရုဂွေး အသင်းအတွက်လည်း အားထားရသည့် ကစားသမားတစ်ဦးဖြစ်သည်။
ရိုဟို၊ ရှဝိန်းစတိုင်ဂါ၊ ဒါမီယန် တု့ိအသင်းပြောင်းရရန်သေချာနေချိန်တွင် ဖီးလ်ဂျုံးစ်၊ ကာရစ်တို့၏ အနာဂါတ်မှာ ကာလအပိုင်းအခြားတစ်ခုခန့်သာ ရှိနေနိုင်သည်။
ရှနိုက်ဒါလင်း၊ ဒီပေးနှင့် အက်ရှ်လေယန်းတို့မှာ လာမည့်အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ထွက်ခွာရဖွယ်ရှိနေသည်။
အက်သလက်တီကိုမှာ လာလီဂါချန်ပီယံဆုနှင့် ချန်ပီယံလိဂ်အတွက်ကြိုးစားနေရသော်လည်း စာချုပ်ပါပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ပေးလာပါက ဂိုဒင်ကိုလက်လွှတ်ရဖွယ်ရှိသည်။
Ref; The Sun