၂၀၁၆ တိုယိုတာ မဲခေါင်ဖလားပြိုင်ပွဲ ဝင်ပြိုင်မယ့် ရတနာပုံအသင်း ပွဲစဉ်များကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်

၂၀၁၆ တိုယိုတာ မဲခေါင်ဖလားပြိုင်ပွဲ ဝင်ပြိုင်မယ့် ရတနာပုံအသင်း ပွဲစဉ်များကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်

တိုယိုတာ မဲခေါင်ဖလားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ၂၀၁၆ အူရီဒူး မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရတနာပုံအသင်းရဲ့ ပွဲစဉ်တွေကို ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

ရတနာပုံအသင်းဟာ ပွဲဦးထွက် အဝေးကွင်းအဖြစ် ဗီယက်နမ် ဗီလိဂ် အမှတ်ပေးဇယား တတိယနေရာမှ ဒါနန်းအသင်းနှင့် ပွဲစဉ်ကို ဒီဇင်ဘာ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဗီယက်နမ် ရုပ်သံလိုင်းဖြစ်တဲ့ VTV6 မှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

ဒုတိယပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၇ ရက်တွင် ရတနာပုံ အသင်းဟာ မန္တလေးမြို့ မန္တလာသီရီ အားကစားကွင်းမှာ လာအိုကလပ် အသင်းတစ်သင်းဖြစ်တဲ့ လန်ဇင်း ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပြည်တွင်း ရုပ်သံလိုင်းဖြစ်တဲ့ MRTV-4 မှတိုက်ရိုက် ထုတ်လွှင့်ပြသ ပေးသွားမယ်လို့ သိရပါတယ်။

ရတနာပုံအသင်းအပါအဝင် ဗီယက်နမ်ကလပ် ဒါနန်း၊ လာအိုကလပ် လန်ဇင်းယူနိုက်တက်အသင်းတို့မှာ အုပ်စု ပတ်လည် ယှဉ်ပြိုင်ကစား ရမှာဖြစ်ပြီး တစ်သင်းသာ ဆီမီးဖိုင်နယ်အဆင့်သို့ တတ်ရောက် ခွင့်ရရှိမှာဖြစ်ပါတယ်။

အဆိုပါ အုပ်စုအဆင့်ကို လွတ်မြောက်ပါက ဆီမီးဖိုင်နယ်အဆင့်တွင် ကမ္ဘာဒီးယားကလပ် ဘွမ်ခပ်အန်ကောအသင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ပါက ဖိုင်နယ်အဆင့်တွင် ထိုင်းပရီးမီးယားလိဂ်ကလပ် ဘူရီရမ်ယူနိုက်တက်နှင့် အိမ်ကွင်းအဝေးကွင်းအဖြစ် စုစုပေါင်း နှစ်ကျော့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။


 
Source: Yadanarbon FC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required