ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း လိုက်ပါလာသည့် လေယာဉ် ပြေးလမ်းချော်

ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း လိုက်ပါလာသည့် လေယာဉ် ပြေးလမ်းချော်

အောက်တိုဘာ ၂၈ ။                    ။ ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း လိုက်ပါလာသည့် လေယာဉ်တစ်စီး အောက်တိုဘာလ ၂၇ ရက်ညပိုင်းက နယူးယောက်လေဆိပ်တစ်ခုသို့ ဆင်းသက်စဉ်   ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရီပတ်ဘလစ်ကန်ဘက်မှ ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် Mice Pence လိုက်ပါလာသော လေယာဉ်မှာ နယူးယောက်မြို့ လာဂွာဒီယာလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်ခဲ့ခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သည့် ယင်းဖြစ်စဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ခဲ့ရသည်ဟု အာဏာပိုင်များက ကောက်ချက်ချထားသည်။

လေယာဉ်သည် Iowa ပြည်နယ် Fort Dodge မြို့မှ ပျံသန်းထွက်ခွာလာခြင်းဖြစ်ပြီး Mike Pence မှာ ယင်းမြို့တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ တက်ရောက်ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးသည်နှင့်တစ်ပြိုင်နက် Donald Trump ကလည်း  Mice Pence ထံချက်ချင်းဖုန်းခေါ်ဆိုမေးမြန်းခဲ့ပြီး လေယာဉ်ပေါ်ပါသူအားလုံး ဘေးကင်းခဲ့သည့် အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required