ရန်ကုန်၊ အောက်တိုဘာ ၂၇ ။ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ပိုမိုတိုးတက်လာစေရန် အတွက် အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို(FBI) က သင်တန်းပေးမည်ဟု အောက်တိုဘာ ၂၇ ရက်က အမေရိကန် သံရုံးက ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် FBI အကြားပူးပေါင်းပြီး စုံစမ်းစစ်ဆေးရေးစွမ်းရည်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ရန် စီစဉ်နေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် ပွဲဖြစ်ပြီး နှစ်လတာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်စာတွင် ရဲတပ်ဖွဲ့ဝင်များ မှုခင်းများဖော်ထုတ်ရာတွင် စွမ်းရည်မြင့်တက်လာစေရန် လေ့ကျင့်သင်တန်းများနှင့် နည်းပညာအထောက်အပံ့များ ပေးအပ်ခြင်းများက တဆင့်အကူအညီပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။