မင်းဘူးမြို့နယ်တွင် စက်မှုဇုံ အကောင်အထည် ဖော်ပါက မြေလွတ်မြေရိုင်းများသာ အသုံးပြုမည်

မင်းဘူးမြို့နယ်တွင် စက်မှုဇုံ အကောင်အထည် ဖော်ပါက မြေလွတ်မြေရိုင်းများသာ အသုံးပြုမည်

မင်းဘူး၊ အောက်တိုဘာ ၂၆ ။               ။ မင်းဘူးမြို့နယ်တွင် စက်မှုဇုံ အကောင်အထည် ဖော်ပါက မြေလွတ်မြေရိုင်းများသာ အသုံးပြု အကောင်အထည်ဖော်မည် ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးနွဲ့အောင်က ပြောသည်။

" တိုင်းဒေသကြီး အစိုးရက မိမိမြို့နယ်အတွင်း နိင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ရောက်ရှိလာရင် စက်ရုံနဲ့ စက်မှု အသက်မွေးဝမ်းကျောင်း ၊ သင်တန်းကျောင်းတွေ ဖွင့်လှစ်နိင်ဖို့  မြေရှာဖွေဖော်ထုတ်ပေး နိင်အောင် မြေရှိမရှိကြည့်ဖို့ ညွှန်ကြား လာတဲ့အတွက် မင်းဘူးမြို့ရဲ့ မြေလွတ်မြေရိုင်းတွေ သွားရောက်ရှာဖွေခဲ့ပါတယ် " ဟု ဦးနွဲ့အောင်က ပြောသည်။

မြေလွတ်မြေရိုင်း ရှာဖွေရာတွင် ကျောက်တန်းကျေးရွာနှင့် ရေမြစ်ကျေးရွာ၏ အနောက်မြောက်ထောင့်၊ ရွာမကန်ကျေး ရွာ၏ အနောက်တောင်ဘက်ရှိ မြေဧက (၃၀၀) ခန့် ရှာဖွေပြီး စက်မှုဇုံမြေအဖြစ် အသုံးပြုနိင်ရန် ဆောင်ရွက်ထား ရှိ ကြောင်းလည်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။ စက်မှုဇုံအတွက် အခုလို ပလပ်မြေတွေ အသုံးပြုမယ်ဆိုတော့ ဝမ်းသာပါတယ်။ မင်းဘူးမြို့ မြို့ရှောင်ကွင်းလမ်း ဖောက်တော့မယ်ဆိုပြီး ယာမြေတွေ ဝယ်ယူပြီး ဈေးကြီးကြီးနဲ့ အကွက်ရိုက် ရောင်းစားဖို့ လုပ်နေတဲ့သူတွေ လက်က လွတ်သွားတာပေါ့။ အခုလို ပွင့်လင်းမြင်သာစွာ ချပြ   ပြောပြတဲ့ စည်ပင်ကိုလည်း ကျေးဇူးတင်ပါတယ် " ဟု မင်းဘူးမြို့တွင် ခုံလုပ်ငန်းရှင် (၁)ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly