မင်းသား Benedict Cumberbatch တို့ ဇနီးမောင်နှံ ဒုတိယမြောက် ရင်သွေး ရတော့မည်

မင်းသား Benedict Cumberbatch တို့ ဇနီးမောင်နှံ ဒုတိယမြောက် ရင်သွေး ရတော့မည်

မင်းသား Benedict Cumberbatch နှင့် သူ၏ဇနီး ပြဇာတ်ဒါရိုက်တာ Sophie Hunter တို့ ဇနီးမောင်နှံသည် ဒုတိယမြောက် ရင်သွေးလေး ရရှိတော့မည် ဖြစ်ကြောင်း ET ဖျော်ဖြေရေးသတင်းဌာနက အတည်ပြုခဲ့သည်။

“လူတိုင်း တကယ်ကို စိတ်လှှုပ်ရှားနေကြပါတယ်” ဟု မင်းသား၏ ကိုယ်စားလှယ်က ET သတင်းဌာနကို ပြောခဲ့သည်။

ကြာသပတေးညက Doctor Stranger ရုပ်ရှင်ဇာတ်ကား ပြသသည့်ပွဲသို့ အသက် ၃၈ နှစ်အရွယ် Sophie Hunter သည် အသက် ၄၀ အရွယ် ခင်ပွန်းနှင့် အတူ တက်ရောက်ခဲ့ကြသည်။ ထိုစဉ်က Sophie Hunter သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး၊ ကိုယ်ဝန်ရှိနေသည့် အရိပ်လက္ခဏာကိုမူ မတွေ့ခဲ့ကြရပေ။

လွန်ခဲ့သော ၁၃ လခန့်ကလည်း Sophie Hunter သည် ၎င်းတို့၏ သားဦး ဖြစ်သည့် ခရစ္စတိုဖာကို မွေးဖွားပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly