မန်ချက်စတာတွင် အနုပညာရှင် ဒေါက်ဂလပ်စ် ဂေါ်ဒန် က ပြဇာတ်ရုံနံရံကို ပုဆိန်ဖြင့် ခုတ်ထစ် ဖျက်ဆီး

မန်ချက်စတာတွင် အနုပညာရှင် ဒေါက်ဂလပ်စ် ဂေါ်ဒန် က ပြဇာတ်ရုံနံရံကို ပုဆိန်ဖြင့် ခုတ်ထစ် ဖျက်ဆီး

Turner ဆု ဆွတ်ခူးခဲ့ဖူးသော အနုပညာရှင်တစ်ဦးသည် သူ၏ ပြဇာတ်သစ် တင်ဆက်လျက် ရှိသော ပြဇာတ်ရုံ၏ နံရံကို ပုဆိန်တစ်လက်ဖြင့် ခုတ်ခဲ့သည်။ ပြင်းထန်သော ဝေဖန်မှှုများကို တုံ့ပြန်သောအားဖြင့် သူက ထိုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်ချက်စတာရှိ ဟုမ်း(မ်) ပြဇာတ်ရုံတွင် ဒေါက်ဂလပ်(စ်)ဂေါ်ဒန်၏ Neck of the Woods ပြဇာတ်ကို တင်ဆက်ပြသခဲ့ခြင်းဖြစ်ပြီး Charlotte Rampling က သရုပ်ဆောင်ခဲ့သည်။

ထိုပြဇာတ်မှာ အနှစ်သာရကင်းမဲ့သော ပြဇာတ်တစ်ခုဖြစ်ကာ ဟာသရသလည်း ကင်းမဲ့နေပြီး ပျင်းစရာကောင်းကြောင်းဝေဖန်ရေး သမားများက ဖော်ပြခဲ့ကြသည်။

ထိုပြဇာတ်ပွဲအတွက် ပုဆိန်များစွာကိုလည်း ပြသထားရာ ဂေါ်ဒန်သည် ထိုပုဆိန်များထဲမှ တစ်ခုကို ယူကာ ပြဇာတ်ရုံနံရံကို ခုတ်ထစ်ခဲ့ခြင်းဖြစ်ကြောင်း ယူဆရသည်။ ထို့နောက်တွင် သူသည် ပြဇာတ်ရုံ နံရံတွင် သူ၏ လက်မှတ်နှင့် နေ့စွဲကို ထွင်းခဲ့သည်။

သူသည် ပြဇာတ်ရုံနံရံကို စနေနေ့က ခုတ်ထစ်ခဲ့ခြင်း ဖြစ်သည်။ မန်ချက်စတာ နိုင်ငံတကာ ပွဲတော်၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် Neck of the Woods ပြဇာတ်ကို စတင်ဖွင့်လှစ်ပြသပြီး နောက်တစ်ရက်တွင် ထိုကဲ့သို့ ပုဆိန်ဖြင့် ခုတ်ထစ်ဖျက်ဆီး ခဲ့ခြင်း ဖြစ်သည်။  

ထိုရှိုးပွဲမှာ ပုဆိန်တစ်လက်၏ အသံဖြင့် စတင်သော ရှိုးပွဲဖြစ်ကာ စင်မြင့်ပေါ်တွင်လည်း ပုဆိန်များ ရှိသည်။

မန်ချက်စတာ နိုင်ငံတကာပွဲတော် ညွှန်ကြားရေးမှူး Alex Poots က “ဒါဟာ လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ ဖျက်ဆီးခဲ့တဲ့ အနုပညာရှင်ဟာ ပြုပြင်စရိတ် ပေးပါလိမ့်မယ်” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required