သဘောင်္အပျော်စီးစဉ် မတော်တဆ ဖြစ်ပွားခဲ့မှုကြောင့် လက်သူကြွယ် ပြတ်ထွက်သွားလို့ ပြန်ဆက်လိုက်ရတဲ့ လင်ဆေးလိုဟန်

သဘောင်္အပျော်စီးစဉ် မတော်တဆ ဖြစ်ပွားခဲ့မှုကြောင့် လက်သူကြွယ် ပြတ်ထွက်သွားလို့ ပြန်ဆက်လိုက်ရတဲ့ လင်ဆေးလိုဟန်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၃ ။                     ။ အမေရိကန် မင်းသမီး လင်ဆေးလိုဟန်သည် အောက်တိုဘာ ၂ ရက်က  ပတ်တီးစည်းထားသော ဘယ်ဘက် လက်သူကြွယ်ကို ဓာတ်ပုံရိုက်ကာ လူမှုရေးမီဒီယာ Snapchat တွင် တင်ခဲ့ပြီး သင်္ဘောအပျော်စီးစဉ် ၎င်း၏ လက်သူကြွယ် ပြတ်ထွက်ခဲ့ရကြောင်း ရေးသားခဲ့သည်။

“ကျွန်မက သင်္ဘောကို ကျောက်ဆူးချဖို ကြိုးစားရင်း ဒီလိုဖြစ်ခဲ့ရတာပါ။ ကံဆိုးလှတဲ့ ကျွန်မရဲ့ လက်သူကြွယ်လေး”ဟု ဗီဒီယိုဖိုင်တွင် လင်ဆေးလိုဟန်က ရယ်မောကာ ပြောကြားထားသည်။

“ ကျောက်ဆူးကြောင့် ကျွန်မ လက်သူကြွယ် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်မ လက်သူကြွယ်တစ်ဝက် ပြတ်ထွက်သွားခဲ့တယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ကျွန်မရဲ့ လက်သူကြွယ် အပိုင်းအစကို ပြန်တွေ့ခဲ့တယ်။ ကျွန်မ အဲ့အပိုင်းအစကို ပြန်ဆက်ဖို့  ခွဲစိတ်မှု လုပ်ဆောင်ခဲ့တယ်။ အရမ်းကို နာကျင်ပါတယ်” ဟု လင်ဆေးလိုဟန်က ပြောကြားသည်။

သူငယ်ချင်းများက ပြတ်ထွက်သွားသော လက်သူကြွယ် အပိုင်းအစကို ရှာဖွေခဲ့ပြီး လင်ဆေးလိုဟန်ကို အရေးပေါ် အခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

လိုဟန်သည် တူရကီနိုင်ငံ ကမ်းလွန်တွင် သဘောၤအပျော်စီးစဉ်  သဘောၤကို ကျောက်ချရန် ကြိုးပမ်းခဲ့ရမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆီရီးယား ဒုက္ခသည်များကို  လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးရေး စီမံကိန်းအတွက်  တူရကီသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း  TMZ သတင်းဌာနက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required