တေးအယ်လ်ဘမ်သစ် မထွက်မီ သုံးရက်ကြာ “Dive Bar Tour” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဟု လေဒီဂါဂါ ကြေညာ

တေးအယ်လ်ဘမ်သစ် မထွက်မီ သုံးရက်ကြာ “Dive Bar Tour” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဟု လေဒီဂါဂါ ကြေညာ

နယူးယော့ခ် ၊ အောက်တိုဘာ ၃ ။             ။ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါသည်  မကြာမီထွက်ရှိမည့် တေးအယ်လ်ဘမ်သစ် “Joanne” ကို မဖြန့်ချိမီ “ Dive Bar Tour” ဟု အမည်ပေးထားသော သုံးရက်ကြာ  ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပထမဆုံးဖျော်ဖြေပွဲကို အောက်တိုဘာ ၅ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  ဖျော်ဖြေပွဲများကို Bud Lightကုမ္ပဏီ၏  ဖေ့စ်ဘွတ်ခ် Live တွင် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။   နောက်ဆက်တွဲ ဖျော်ဖြေပွဲနှစ်ပွဲကို အောက်တိုဘာ ၂၀ ရက် နှင့် ၂၇ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

ဂါဂါသည် အောက်တိုဘာ ၂၁ရက်တွင် ဖြန့်ချိမည့် ၎င်း၏ ပဉ္စမမြောက် တေးအယ်လ်ဘမ် “Joanne” မှ တေးသီချင်းသစ်များကိုလည်း ပွဲဦးထွက် ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

“ကျွန်မ ‘Dive Bar Tour’ ဖျော်ဖြေပွဲကို အရမ်းကြိုက်နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ တေးအယ်လ်သစ်ထဲက တေးသီချင်းတွေ ဖျော်ဖြေခွင့်ရမယ်။ ကျွန်မ ပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ရရှိမယ်။ ဒါကြောင့် ကျွန်မအရမ်းပျော်မိပါတယ်”ဟု လေဒီဂါဂါက ရေးသားထားသည်။

“ဒီတေးအယ်လ်ဘမ်ဟာ ကျွန်မဖခင် နဲ့ သူရဲ့ပူဆွေးမှုတွေကို နားလည်ဖို့ ကြိုးစားတဲ့ ကျွန်မရဲ့အကြောင်းဖြစ်ပါတယ်။ ကျွန်မကိုယ် ကျွန်မ နားလည်အောင်ကြိုးစားတဲ့ အကြောင်းလည်းဖြစ်တယ်။ ဘဝမှာ ကျွန်မနောက်ထပ် သွားမယ့်နေရာတွေအကြာင်း အံ့အားသင့်ဖွယ်ရေးထားတဲ့ တေးအယ်လ်ဘမ်လည်း ဖြစ်ပါတယ်” ဟု ဂါဂါက ပြောကြားသည်။

ဂါဂါက လာမည့်နှစ်တွင် တစ်မူထူးခြားသော ဖျော်ဖြေပွဲတစ်ပွဲကို ကျင်းပသွားမည်ဟု ယခုသီတင်းပတ် အစောပိုင်းက ကြေညာခဲ့ပြီး ဖေဖော်ဝါရီ ၅ရက်တွင် ကျင်းပပြုလုပ်မည့် “Super Bowl” ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲတွင်လည်း ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required