ဆဲလ်တစ်နှင့်ပွဲတွင် အထနှေးခြင်းက မန်စီးတီးအတွက် သင်ခန်းစာဟု ဂွါဒီယိုလာ ၀န်ခံ

ဆဲလ်တစ်နှင့်ပွဲတွင် အထနှေးခြင်းက မန်စီးတီးအတွက် သင်ခန်းစာဟု ဂွါဒီယိုလာ ၀န်ခံ
 

စက်တင်ဘာ ၂၉၊ အင်္ဂလန် ။              ။ ဆဲလ်တစ်အသင်းနှင့် သုံးဂိုးစီသရေကျပြီးနောက်တွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက အထနှေးခြင်းသည် ၎င်းတို့အသင်းအတွက် သင်ခန်းစာဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ရာသီစတင်ကတည်းက ၁၀ ပွဲဆက်တိုက် အနိုင်ရထားသည့် မန်စီးတီးအသင်းသည် စကော့တလန်မြေတွင် ဆဲလ်တစ်ကို ဦးဆောင်ဂိုးများပေးခဲ့ရပြီး နောက်မှပြန်လိုက်ကာ ဂိုးများသွင်းယူခဲ့ရခြင်းဖြစ်သည်။

‘ပွဲကြည့်ပရိသတ်တွေအတွက်တော့ ဒီပွဲက တကယ်ကိုကြည့်ကောင်းတဲ့ပွဲပါပဲ။ အဝေးကွင်းမှာ သုံးဂိုးသွင်းနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ အနိုင်မရခဲ့ပါဘူး။ ကျွန်တော်တို့သုံးဂိုးပေးခဲ့ရပေမယ့် အပိုင်ဂိုးကန်သွင်းခွင့်တွေ လေးကြိမ်ထက်မနည်းရခဲ့ပါတယ်။ သူတို့ကတော့ သုံးဂိုးသွင်းနိုင်ပေမယ့် အခွင့်အရေးထပ်မရခဲ့ပါဘူး။

ဆဲလ်တစ်တို့ဟာ အိမ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ် ၂၄ ပွဲမှာ သုံးပွဲပဲရှုံးထားတာပါ။ ဒီလိုကွင်းမှာ ပြန်လာနိုင်ခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည်က အံ့သြစရာကောင်းပါတယ်။

ပွဲအစပိုင်းကို ကောင်းကောင်းကစားနိုင်ဖို့က ဘယ်လောက်အရေးကြီးသလဲဆိုတာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့သင်ခန်းစာတစ်ခုပါပဲ။ တစ်ဂိုးပေးလိုက်ရရင် ဂိုးပြန်ရဖို့ဆိုတာ မလွယ်ပါဘူး။ နှစ်ဂိုး၊ သုံးဂိုးပေးရမယ်ဆို ပိုဆိုးပါတယ်’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required