အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် ၆ ဦးကို ဒုတိယ အကြိမ်ရုံးထုတ်

အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် ၆ ဦးကို ဒုတိယ အကြိမ်ရုံးထုတ်

ရန်ကုန်၊ စက်တင်ဘာ ၂၉ ။             ။ အိမ်အကူ မိန်းကလေးနှစ်ဦးကို နှိပ် စက်မှုဖြင့် တရားစွဲဆိုခံထားရသော အင်းဝအပ်ချုပ်ဆိုင်က ပြစ်မှုကျူးလွန်သူ ၆ဦး ကို စက်တင်ဘာ ၂၉ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

အမှုကို အပတ်စဉ် ကြာသပတေးနေ့တိုင်းစစ်ဆေးမည်ဖြစ်ပြီး တတိယအကြိမ် ရုံးချိန်းအဖြစ် အောက်တိုဘာ ၆ ရက် ၁၀ နာရီခွဲ တွင် အဆိုပါ ၆ ဦးကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးမှ သိရသည်။

တရားစွဲဆိုခံထားရသည့် မသီရိလတ်သည် စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ကိုယ် တိုင် လာ အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

“ ရုံးထုတ်တယ် သီရိလတ်က အဖမ်းခံတဲ့အတွက် တရားခံပြေးမှုကို ပိတ်သိမ်းပါတယ်။ အဲ့တော့ မူလ ရာဇဝတ်မှုကြီး အ မှတ် ၁၁၀/၂၀၁၆ ကို စတင်စစ်ဆေးရန် တတိယအကြိမ်မြောက်ရုံးချိန်းသို့ချိန်းဆိုထားတယ် “ ဟု အဆိုပါကိစ္စကြောင့် လူ့ အခွင့်အရေးကော်မရှင်ကို  မှူခင်းထိမ်ချန်မှုဖြင့် တရားစွဲရန် ပြင်ဆင်နေသည့် ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမသို့ပြောကြားသည်။

ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်မိသားစုက အသက်(၁၆)နှစ်နှင့် (၁၇)နှစ်အရွယ် ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး ငယ်နှစ်ဦးအား ကိုယ်လက်အင်္ဂါ ချို့ယွင်းစေသည်အထိ နှိပ်စက်မှု ပြုလုပ်ခဲ့သောကြောင့် လူကုန် ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက တရားလိုပြုလုပ်ကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပ ဒေပုဒ်မ ၂၄/၃၂ ဖြင့် ဦးစွာအမှု ဖွင့်ခဲ့ခြင်း ဖြစ်သည်။

အသက် (၅၇) နှစ်အရွယ် အိမ်ရှင် ဒေါ်တင်သူဇာ ကျန်းမာရေးအနေဖြင့်   စက်တင်ဘာလ ၂၉ရက် ရုံးထုတ်စဉ် ဘယ်ခြေ တွင် ထိခိုက်ဒဏ်ရာ တစ်ခုရရှိထားသည်ကို မြင်တွေ့ရသည်။

စက်တင်ဘာ ၂၁ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကပါ တရားလို ပြု လုပ်၍ ကလေးသူငယ်ပုဒ်မ ၆၆(ဃ) ထပ်မံအမှုဖွင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required