စင်ကာပူတွင် အကြမ်းဖက်မှုကြံုစဉ် တုံ့ပြန်တတ်မှုအတွက် ပြည်သူများအား ပြင်ဆင်လေ့ကျင့်ပေးမှု စတင်ဆောင်ရွက်

စင်ကာပူတွင် အကြမ်းဖက်မှုကြံုစဉ် တုံ့ပြန်တတ်မှုအတွက် ပြည်သူများအား ပြင်ဆင်လေ့ကျင့်ပေးမှု စတင်ဆောင်ရွက်

စင်ကာပူ၊ စက်တင်ဘာ ၂၅။                   ။ စင်ကာပူနိုင်ငံအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ လုပ်ဆောင်မှုအဖြစ် အကြမ်းဖက်မှုကြုံစဉ် တုံ့ပြန်ဆောင်ရွက်တတ်မှုအတွက် ပြည်သူများအား   လေ့ကျင့်ပြင်ဆင်ပေးခြင်း လုပ်ငန်းစဉ်များကို ဝန်ကြီးချုပ် လီရှန်လွန်းဦးဆောင်လျက် စက်တင်ဘာ ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့ကြသည်။

 SGSecure အစီအစဉ်အဖြစ် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကာ ၂၀၀၅ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့သည့် ရှိနေဆဲ အုပ်စုခိုင်မာမှုစီမံချက် CEP ကို တိုးချဲ့လုပ်ဆောင်သည့် အစီအစဉ်တစ်ရပ်လည်းဖြစ်သည်။ CEP စီမံချက်သည့် နောက်ခံမတူသည့် ပြည်သူများအား သိုင်းဖွဲ့ချိတ်ဆက်မှု ဖွဲ့စည်းပေးသည့် အစီအစဉ်တစ်ရပ်ဖြစ်သကဲ့သို့ အသိုင်းအဝန်းကြား ဖြစ်လာနိုင်သည့် တင်းမာမှုများ ပြေလည်မှုရရှိရေးတို့ကို ဖော်ဆောင်သည့် အစီအစဉ်လည်းဖြစ်သည်။

 ယခု အသစ်လုပ်ဆောင်သည့် SGSecure တွင် မိုဘိုင်းအက်ပရီကေးရှင်းတစ်ခုကိုလည်း တီထွင်ဖန်တီးခဲ့သည်။ ယင်းအက်ပရီကေးရှင်းက အဓိကအရေးပေါ်အခြေအနေများအတွင်း သတိပေးချက်ကို လက်ခံရရှိမည်ဖြစ်ကာ သတင်းအချက်အလက်များ ပေးနိုင်သကဲ့သို့ သက်ဆိုင်ရာအာဏာပိုင်များထံသို့လည်း အကူအညီများ လှမ်းတောင်းနိုင်သည့် မိုဘိုင်းအက်ပရီကေးရှင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

 ယခုအစီအစဉ် စတင်ဆောင်ရွက်သည့် စက်တင်ဘာ ၂၄ ရက်တွင် ဝန်ကြီးချုပ်လီရှန်လွန်းက အစိုးရအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို လုပ်ဆောင်နေကြောင်း၊ သို့သော်လည်း လုပ်ဆောင်မှုက လုံလောက်မှုမရှိကြောင်း ပြောသည်။ “အစွန်းရောက်အကြမ်းဖက်မှုတွေက ကျွန်တော်တို့ရဲ့ အသက်ခန္ဓာလုံခြုံရေးကို ခြိမ်းခြောက်ရုံမကဘူး ကျွန်တော်တို့ လူအဖွဲ့အစည်းရဲ့ သဟဇာတဖြစ်မှုနဲ့ ဘဝတွေကိုပါ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။

 “ကျွန်တော်တို့ကိုကို ကာကွယ်ဖို့အတွက်ဆိုရင် စင်ကာပူနိုင်ငံသားတိုင်း ပါဝင်ဖို့ လိုပါတယ်။  ခု SGSecure မှာ ပါဝင်ဖို့ပါပဲ။”ဟု လီရှန်လွန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required