ကွင်းလယ်လူ ဒယ်လီအယ်လီကို စပါးအသင်း စာချုပ်သစ် ချုပ်ဆို

ကွင်းလယ်လူ ဒယ်လီအယ်လီကို စပါးအသင်း စာချုပ်သစ် ချုပ်ဆို

စက်တင်ဘာ ၁၉၊ အင်္ဂလန် ။            ။ စပါးအသင်းသည် အင်္ဂလန် ကွင်းလယ်ကစားသမား ဒယ်လီအယ်လီကို ၂၀၂၂ ခုနှစ်အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အဲရစ်ဆင်၊ အီရစ်ဒီယာ၊ ဟယ်ရီဝင့်၊ တွန်ကာရိုးလ်တို့ကို စာချုပ်သစ်များ အသီးသီး ချုပ်ဆိုပြီးနောက် အသက် ၂၀ အရွယ်ရှိ အယ်လီကို စပါးအသင်းက စာချုပ်သစ် ထပ်ချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အမ်ကေဒွန်းအသင်းမှ စပါးအသင်းသို့ ပေါင် ၁၀ သန်းဖြင့် ပြောင်းရွှေ့လာသည့် အယ်လီသည် ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြ ကစားခဲ့ပြီး စပါးအသင်းကို ပရီးမီးယားလိဂ်တွင် တတိယနေရာရရှိအောင် ကူညီပေးနိုင်ခဲ့သည်။ ထို့ကြောင့် ပီအက်ဖ်အေ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။

‘စပါးအသင်းမှာ ကစားရတာ အရမ်းပျော်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် ဒီနည်းပြ ဒီပရိသတ်တွေနဲ့ ပိုကောင်းတဲ့နေရာ ရှိမယ်လို့ မထင်ပါဘူး။ လူငယ်အသင်း တစ်သင်းကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပါတယ်။ တကယ်ကောင်းတဲ့ နေရာပါ’ ဟု အယ်လီက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required