မန်စီးတီး၏ ပွဲစဉ်များတွင် ပရိသတ်များကို စက်ရုပ်များက ဖျော်ဖြေမည်

မန်စီးတီး၏ ပွဲစဉ်များတွင် ပရိသတ်များကို စက်ရုပ်များက ဖျော်ဖြေမည်

စက်တင်ဘာ ၁၅၊ မန်ချက်စတာ ။               ။ မန်စီးတီးအသင်းသည် တရုတ်စက်ရုပ်ကုမ္ပဏီ UBTECH နှင့် အကျိုးတူပူးပေါင်းစာချုပ် ချုပ်ဆိုလိုက်သောကြောင့် ဥရောပတွင် စက်ရုပ်ကုမ္ပဏီတစ်ခုနှင့် ပထမဆုံးစာချုပ်ချုပ်ဆိုသည့် ကလပ်အသင်း ဖြစ်လာခဲ့သည်။

လူပုံသဏ္ဍာန် စက်ရုပ်ကလေးများသည် မန်စီးတီးအသင်း၏ အိမ်ကွင်း ပွဲစဉ်များတွင် သီချင်းသီဆိုခြင်း၊ အထူးရွေ့လျားမှု ပုံစံများပြုလုပ်ခြင်းနှင့် အခြားလှည့်ကွက်များကို ပြုလုပ်ကာ ပရိသတ်များကို ဖျော်ဖြေသွားမည် ဖြစ်သည်။

 စက်ရုပ်များ၏ ဖျော်ဖြေမှုကို မန်စီးတီးအသင်း၏ ကွင်းအတွင်းရှိ ကြီးမားသော တီဗီကြီးများတွင် ပြသသွားမည် ဖြစ်ပြီး အသင်းဝက်ဘ်ဆိုက်နှင့် လူမှုကွန်ယက်စာမျက်နှာများမှလည်း   ကြော်ငြာပြသသွားမည်  ဖြစ်သည်။

ထိုကဲ့သို့ စက်ရုပ်များ၏ ဖျော်ဖြေရေးများကြောင့် ပရိသတ်များအနေဖြင့် ထူးခြားသည့် အတွေ့အကြုံများ ရရှိစေရန် မန်စီးတီးအသင်းက ရည်မှန်းထားသည်။

UBTECH ကုမ္ပဏီသည် စက်ရုပ်လောကတွင် လူပုံသဏ္ဍာန်စက်ရုပ်များကို ထုတ်လုပ်သည့် ရှေ့ဆောင် ကုမ္ပဏီတစ်ခုဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required