သားဖြစ်သူဟာ ဘဝရဲ့အလင်းတန်းဖြစ်တယ်လို့ ပြောလာတဲ့ အန်နီဟမ်သာဝေး

သားဖြစ်သူဟာ ဘဝရဲ့အလင်းတန်းဖြစ်တယ်လို့ ပြောလာတဲ့ အန်နီဟမ်သာဝေး

နယူးယော့ခ်၊ စက်တင်ဘာ ၁၄ ။                       ။ ဟောလိဝုဒ် မင်းသမီး အန်နီဟမ်သာဝေးက အသက် ၅ လသားအရွယ် သားဖြစ်သူ ဂျိုနက်သန်ရော့စ်ဘက်ခ်သည် ၎င်းဘဝ၏ အလင်းရောင် တစ်ခုဖြစ်ကြောင်း Toronto နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ၎င်းပါဝင ်သရုပ်ဆောင်ထားသော “ Colossal” ရှင်ရှင်ကား ပွဲဦးထွက်ပွဲသို့  တတ်ရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ သားလေးဟာ ကျွန်မဘဝရဲ့  အလင်းရောင်တစ်ခုဖြစ်ပါတယ်။ ကျွန်မဟာ သားလေးကြောင့် နေ့ရက်တိုင်း လိုလို ကံကောင်းနေတယ်လို့ ခံစားရတယ်”ဟု အသက် ၃၃ နှစ်အရွယ်ရှိ အန်နီဟမ်သာဝေးက ရုပ်ရှင်ပွဲတော်တွင်  Us Weekly ကို ပြောကြားခဲ့သည်။

“သားလေးဟာ အနေအေးတဲ့ ကလေးတစ်ယောက်ဖြစ်တယ်။ ဒါကြောင့် သားလေးကို ခရီးသွားတဲ့အခါ ခေါ်ဆောင်သွားရတာ အဆင်ပြေပါတယ်”ဟု အန်နီဟမ်သာဝေးက  E! News ကို   ပြောကြားခဲ့သည်။

အန်နီဟမ်သာဝေးသည် ခင်ပွန်းဖြစ်သူ အဒမ်ရှာလ်မန် နှင့်အတူ သားဖြစ်သူ ဂျိုနက်သန်အကြောင်းကို ပြောကြားခဲ့ခြင်းဖြစ်သည်။ အန်နီဟမ်သာဝေးသည်  အဒမ်ရှာလ်မန် နှင့် ၂၀၁၂ ခုနှစ်က ကာလီဖိုနီးယားပြည်နယ် ဘစ်ဆာကမ်းခြေဒေသတွင် လက်ထပ်ပွဲကျင်းပခဲ့သည်။

အန်နီဟမ်သာဝေးသည်  သားငယ်ဖြစ်သူ မွေးဖွားပြီးနောက်  သြဂုတ်လက ၎င်း၏ခန္ဓာကိုယ်နှင့် စပ်လျဉ်း၍လည်း အပြုသဘောဆောင်သော မက်ဆေ့ချ်များကို ပြောကြားခဲ့သည်။” ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ခန္ဓာကိုယ် အလေးချိန် တတ်လာတာဟာ ရှက်စရာမလိုပါဘူး။  ကိုယ်အလေးချိန်ဟာ ခင်ဗျားထင်ထားသလို မကျခဲ့ဘူးဆိုရင်လည်း ရှက်စရာမလိုပါဘူး ”ဟု အန်နီဟမ်သာဝေးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required