မြောက်ကိုရီးယားနှင့် တင်းမာမှုများ မြင့်တက်စေမည့် လုပ်ဆောင်ချက်များ ကမ္ဘာက ရှောင်ရှားရန် လိုအပ်ကြောင်း ပူတင် ပြော

မြောက်ကိုရီးယားနှင့် တင်းမာမှုများ မြင့်တက်စေမည့် လုပ်ဆောင်ချက်များ ကမ္ဘာက ရှောင်ရှားရန် လိုအပ်ကြောင်း ပူတင် ပြော

စက်တင်ဘာ ၃ ။                             ။  မြောက်ကိုရီးယားတို့နှင့် ပတ်သက်ထိတွေ့မှုများတွင် သတိဖြင့်လုပ်ဆောင်ကြရန် ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကို တိုက်တွန်းပြောကြားလိုက်သည်။ ပြုံယမ်းအစိုးရနှင့် နောက်ထပ် တင်းမာမှုများကို မြင့်တက်စေနိုင်သည့် လုပ်ဆောင်ချက်မျိုး ရှောင်ကြဉ်ကြရန် ပူတင်ကတိုက်တွန်းသွားခြင်းလည်းဖြစ်သည်။

ပစိဖိတ် ဆိပ်ကမ်းမြို့ Vladivostok တွင်ပြုလုပ်သည့် စီးပွားရေး ဖိုရမ်တစ်ခုတွင် ရုရှ သမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ ယင်းဖိုရမ်သို့ တောင်ကိုရီးယား သမ္မတ ပက်ဂွန်ဟေးနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့လည်း တက်ရောက်လာခဲ့ကြသည်။

တစ်ချိန်တည်းတွင်ပင် ပြုံယမ်းအစိုးရအနေဖြင့်လည်း ကုလသမဂ္ဂက ချမှတ်ထားသည့် စည်းမျဉ်းသဘောတူညီချက်များကို လေးစာလိုက်နာရန်လိုကြောင်းလည်း ပူတင်က တိုက်တွန်းပြောကြားသွားသေးသည်။ " ကျွန်တော်ထင်ပါတယ်၊ သူတို့ နိုင်ငံနဲ့ တင်းမာမှု တွေထပ်ဖြစ်နိုင်တဲ့လုပ်ရပ်မျိုးတော့ရှောင်ရမယ်လို့ထင်ပါတယ်" ဟု ၎င်းက ပြောသည်။

အစောပိုင်းအချိန်တုန်းက နျူကလီးယားအစီအစဉ်များ  စွန့်လွှတ်ရန် ပြုံယမ်းအစိုးရကို ဖိအားပေးရန်လိုအပ်ကြောင်း ရုရှအပါအဝင် ကမ္ဘာ့နိုင်ငံများကို တောင်ကိုရီးယားအစိုးရက တိုက်တွန်းထားခြင်းဖြစ်သည်။

" ပြုံယမ်းအစိုးရအတွက် သူတို့ရဲ့ နျူအစီအစဉ်တွေကို စွန့်လွှတ်ဖို့အတွက်ကတော့ ညီညွတ်တဲ့ နိုင်ငံတကာဝိုင်းဝန်းကြိုးပမ်းချက်တစ်ခု လုပ်နိုင်ဖို့လိုပါတယ်" ဟုဖိုရမ်သို့ တက်ရောက်လာသော တောင်ကိုရီးယား သမ္မတ ပက်က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required