ဘာစီလိုနာနောက်ခံလူ ဗာမယ်လန် ရိုးမားသို့ ပြောင်းရွှေ့

ဘာစီလိုနာနောက်ခံလူ ဗာမယ်လန် ရိုးမားသို့ ပြောင်းရွှေ့

သြဂုတ် ၉၊ အီတလီ ။               ။ အာဆင်နယ်နောက်ခံကစားသမားဟောင်း ဗာမယ်လန်သည် ဘာစီလိုနာအသင်းမှ ရိုးမားအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

အသက် ၃၀ အရွယ်ရှိ ဘယ်လ်ဂျီယံနောက်ခံကစားသမားသည် ၂၀၁၄ ခုနှစ်က အာဆင်နယ်အသင်းမှ ဘာစီလိုနာသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး ဒဏ်ရာများဖြင့်သာ ရုန်းကန်နေခဲ့ရသည်။

ဘာစီလိုနာတွင် ပီကေး၊ မာရှေယာနိုနှင့် မက်သီးယက်စ်တို့၏နောက် စတုတ္တဦးစားပေးကစားသမားအဖြစ်သာ ကစားနေခဲ့ရပြီး ယခု အငှားစာချုပ်ဖြင့် အီတလီသို့ ပြောင်းခဲ့ခြင်း ဖြစ်သည်။ ဘာစီလိုနာတွင် ၂ နှစ်အတွင်း ၂၁ ပွဲသာ ပါဝင်ကစားခဲ့ရပြီး တစ်ဂိုးသွင်းနိုင်ခဲ့သည်။

ရိုးမားအသင်းသည် ဂရိနောက်ခံလူ ကော့တက်စ်မန်နိုလက်စ်အသင်းမှ ထွက်ခွာဖွယ်ရှိနေသောကြောင့် ဗာမယ်လန်ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မန်နိုလက်စ်ကို မန်ယူ၊ မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့က   ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး ရိုးမားအသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းသတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required