သီလဝါအထူးစီးပွားရေးဇုန် ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ရ၆၀ အထိရရှိ

သီလဝါအထူးစီးပွားရေးဇုန် ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ရ၆၀ အထိရရှိ

မြန်မာသီလဝါအထူးစီးပွားရေးဇုန်တွင် စုစုပေါင်းရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၇၆၀ နီးပါးအထိ ရှိနေပြီဖြစ်ကြောင်း မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးရေးလီမီတက် MJTD ၏ ဇူလိုင် ၁၈ ရက် ကြေညာချက်အရသိရသည်။

အစိုးရသစ်အာဏာသစ်အာဏာယူပြီးနောက်ပိုင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်လာလျက်ရှိပြီး လက်ရှိတွင် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီပေါင်း ၇၃ ခုက ဝင်ရောက်ရင်းနှီးမြုပ်နှံလျက်ရှိသည်။

ရင်းနှီးမြုပ်နှံမှုအများစုမှာ အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ အစားအစာ၊ သံနှင့် သံမဏိ၊ ဓာတ်မြေသြဇာ၊ မော်တော်ကားပစ္စည်းအစိတ်အပိုင်း၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်ကြသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ၏ ပထမဆုံးအထူးစီးပွားရေးဇုန်ဖြစ်သည်။ အခြား ဇုန်နှစ်ခုဖြစ်သော ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များကိုလည်း တည်ဆောက်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required