Purpose ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွင်း စင်ပေါ်က ဒုတိယအကြိမ် ထပ်မံချော်လဲခဲ့တဲ့ ဂျက်စတင်ဘီဘာ

Purpose ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွင်း စင်ပေါ်က ဒုတိယအကြိမ် ထပ်မံချော်လဲခဲ့တဲ့ ဂျက်စတင်ဘီဘာ

နယူးယော့ခ်၊ ဇူလိုင် ၂ ။            ။ နှုတ်ခမ်းနီမလေးများအသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာသည်  ၎င်း၏ “ Purpose” ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်အဖြစ် ဖလော်ရီဒါပြည်နယ် ဂျက်ဆွန်ဗဲလ်မြို့တွင် ဖျော်ဖြေနေစဉ် စင်ပေါ်တွင် ချော်လဲခဲ့သည်။

ယခုတစ်ကြိမ် စင်ပေါ်မှ ပြုတ်ကျခြင်းသည်  တစ်လမပြည့်သေးခင်အတွင်း ဂျက်စတင်ဘီဘာအတွက် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဘတ်စကတ်ဘော ကစားနေစဉ် ခြေထောက်အဆစ်လွဲပြီးနောက် သီတင်းပတ်တစ်ကြာအကြာတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူမှုရေးမီဒီယာတွင် ပရိတ်သတ်များ မျှဝေထားသော ဗီဒီယိုတွင်  ဂျက်စတင်ဘီဘာသည် “ Sorry” တေးသီချင်းကို သီဆိုနေစဉ် စိုစွတ်သော စတိတ်စင်ပေါ်တွင် ချော်လဲခဲ့သည်ကို တွေ့မြင်ရသည်။ ချော်လဲပြီးနောက် ဂျက်စတင်ဘီဘာက “ ဘဝဆိုတာ ချော်လဲကျခြင်း၊ ဘဝဆိုတာ ပြန်ပြီးထဖို့ ကြိုးစားတာ”ဟု ပရိတ်သတ်များကို ပြောကြားခဲ့ပြီးနောက် ဆက်လက် ဖျော်ဖြေခဲ့သည်။

ဂျက်စတင်သည် အဆစ်လွဲနေသည့် ၎င်း၏ခြေထောက်ကို ရေခဲတွင် စိမ်ထားသောပုံကို  ဇွန် ၂၄ ရက်က အင်စတာဂရမ်တွင် တင်ခဲ့ပြီး ဒီနေ့ညဖျော်ဖြေပွဲတွင် အဆင်ပြေပြေ ဖျော်ဖြေနိုင်ဖို့ မျှောင်လင့်ကြောင်း ပရိတ်သတ်များကို ပြောကြားခဲ့သည်။

ဂျက်စတင်သည် ပြီးခဲ့သည့်လက ကနေဒါနိုင်ငံ ဆက်ကာတွန်မြို့တွင် ဖျော်ဖြေပွဲကျင်းပနေစဉ် စတိတ်စင်ပေါ်ရှိ အပေါက်မှတစ်ဆင့်  ပြုတ်ကျခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required