ရတနာပုံကွင်းလယ်လူ ရဲကိုဦး ဒူးဒဏ်ရာကြောင့် နှစ်ပတ်ခန့် နားရမည်

ရတနာပုံကွင်းလယ်လူ ရဲကိုဦး ဒူးဒဏ်ရာကြောင့် နှစ်ပတ်ခန့် နားရမည်
ရန်ကုန်နှင့် ရတနာပုံပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ရတနာပုံကွင်းလယ်လူ ရဲကိုဦးအား တွေ့ရစဉ် (ဓာတ်ပုံ - ရွှေဘုတ်)

ဇွန် ၁၃ ၊ ရန်ကုန် ။               ။ မြန်မာ့လက်ရွေးစင်နှင့် ရတနာပုံအသင်း၏ အဓိက ကွင်းလယ်ကစားသမား ရဲကိုဦးသည် ရန်ကုန်အသင်းနှင့်ပွဲတွင် ထိခိုက်မိခဲ့သော ဒူးဒဏ်ရာကြောင့် နှစ်ပတ်ခန့် အနားယူရမည် ဖြစ်သည်။ ရဲကိုဦးသည် အဆိုပါ ရန်ကုန်အသင်းနှင့်ပွဲတွင် ပွဲချိန်နောက်ဆုံးမိနစ်၌ ရန်ကုန်ကစားသမား ကြည်လင်း၏ ဥပေဒပ ဖျက်ထုတ်မှုကြောင့် ဘယ်ဖက်ဒူးခေါင်း ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်ဘောလုံးကိုပဲအထိကထားပြီး အာရုံစိုက်နေခဲ့တာပါ။ နောက်ကနေ ကျွန်တော့်ခြေထောက်ကို ဖျက်ရိုက်ခံလိုက်ရတာပါ။ အခုတော့ အခြေအနေက နှစ်ပတ်ကြာ လောက်အနားယူရမယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒီထက်ပိုပြီး မြန်မြန် ကောင်းလာဖို့ မျော်လင့်နေပါတယ်။ အခုလက်ရှိ ဘယ်ဘက်ခြေထောက်က မသက်သာသေးပါ ဘူး ” ဟု ရဲကိုဦးက သူ၏ဒဏ်ရာနှင့် ပတ်သက်၍ ပြော သည်။

ရဲကိုဦးသည် ရတနာပုံလူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားတစ်ဦး ဖြစ်ပြီး ပြီးခဲ့သည့် မြန်မာ ယူ-၂၃ ဆီးဂိမ်းအသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သလို လက်ရှိတွင်လည်း မြန်မာ့လက်ရွေးစင် အသင်း၏ အဓိကကွင်းလယ်ကစားသမားတစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required