ဂျိုကိုဗစ်က အန်ဒီမာရေးကို အနိုင်ရရှိပြီး ပြင်သစ်အိုးပင်းမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲ

ဂျိုကိုဗစ်က အန်ဒီမာရေးကို အနိုင်ရရှိပြီး ပြင်သစ်အိုးပင်းမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲ
(ဓာတ်ပုံ - အီးပီအေ)

မေလ (၅) ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပတဲ့ ပြင်သစ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာတော့ ကမ္ဘာ့နံပါတ် (၁) တင်းနစ်ကစားသမား နိုဗတ်ဂျိုကိုဗစ်က အန်ဒီမာရေးကို အနိုင်ရရှိပြီး ပြင်သစ်အိုးပင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

အသက် (၂၉) နှစ်အရွယ်ရှိ ဂျိုကိုဗစ် (ဆားဘီးယား) က ကမ္ဘာ့အဆင့် (၂) အန်ဒီမာရေး (ဗြိတိန်) ကို ၃-၆၊ ၆-၁၊ ၆-၂၊ ၆-၄ဖြင့် အနိုင်ရရှိခဲ့ပြီး (၁၉၆၉) ခုနှစ်က ရော့လာဗာ နောက်ပိုင်း သြစတြေးလျအိုးပင်း၊ ပြင်သစ်အိုးပင်း၊ ဝင်ဘယ်ဒန်နဲ့ ယူအက်စ်အိုးပင်း ပြိုင်ပွဲ (၄) ရပ်စလုံးမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဂျိုကိုဗစ်ဟာ ဂရင်းစလင်းပြိုင်ပွဲတွေမှာလည်း (၁၂) ကြိမ်မြောက် ချန်ပီယံဖြစ်လာခဲ့ပြီး ဂရင်းစလင်းပြိုင်ပွဲ (၄) ရပ်စလုံးကို ဆက်တိုက်ရယူနိုင်တဲ့ တတိယမြောက် တင်းနစ်သမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

ဂရင်းစလင်း အများဆုံးဗိုလ်စွဲထားသူများ

၁။ ရော်ဂျာဖက်ဒါရာ(ဆွစ်ဇာလန်) - (၁၇) ကြိမ်
၂။ ရာဖေးလ် နဒါးလ် (စပိန်) - (၁၄) ကြိမ်
၂။ ပိဆမ်းပရပ်စ် (အမေရိကန်) - (၁၄) ကြိမ်
၄။ နိုဗတ်ဂျိုကိုဗစ် (ဆားဘီးယား) - (၁၂) ကြိမ်
၄။ ရွိုင်းအီမာဆန် (သြစတြေးလျ) - (၁၂) ကြိမ်
၆။ ရော့လာဗာ (သြစတြေးလျ) - (၁၁) ကြိမ်
၆။ ဘရွန်ဘော့ခ် (ဆွီဒင်) - (၁၁) ကြိမ်

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required