ဓနုဖြူ CBဘဏ် အနူကြမ်းစီးခံရဟု သတင်းထွက်၊ ဘဏ်အနီး ရဲပြေး ၆ဦးကို ဖမ်းမိခြင်းသာဖြစ်

ဓနုဖြူ CBဘဏ် အနူကြမ်းစီးခံရဟု သတင်းထွက်၊ ဘဏ်အနီး ရဲပြေး ၆ဦးကို ဖမ်းမိခြင်းသာဖြစ်

ပုသိမ်၊ မေ ၃၁ ။             ။ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့၊ မြို့မဈေးအနီး၊ CBဘဏ်အနီးတွင် ရဲဘက်ပြေး ခြောက်ဦးအား မေလ၃၁ရက်၊ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ ယင်းသို့ ဖမ်းဆီးခြင်းကို ဘဏ်အနူကြမ်းစီးခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

"သူတို့က တိုက်ကြီး ရဲဘက်စခန်းက ထွက်ပြေးလာတာပါ။ သူတို့ ဘဏ်အနီးမှာ ဖမ်းဆီးခဲ့တာပါ။ အနုကြမ်းစီးတာမျိုးမဟုတ်ဘူး"ဟု ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

မေလ၃၀ရက် ညပိုင်တွင် တိုက်ကြီးမြို့၊ ဘဝသစ် မြရည်ကုန်းရဲဘက်စခန်းမှ ထွက်ပြေးလာသူများဖြစ်ပြီး၊ ၎င်းတို့ ခြောက်ဦးအား မေလ၃၁ရက်၊ နံနက် ၁၀နာရီကျော်တွင် ဓနုဖြူမြို့၊ CBဘဏ်အနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခံရသူအားလုံးကို ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူမှ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required