မန္တလေးခရိုင်အတွင်း မူးယစ်နှင့် လောင်းကစားမှု ပပျောက်ရန် ပရဟိတအသင်းများပူးပေါင်းပါဝင်ကြဖို့ ဝန်ကြီးချုပ်ဖိတ်ခေါ်

မန္တလေးခရိုင်အတွင်း မူးယစ်နှင့် လောင်းကစားမှု ပပျောက်ရန် ပရဟိတအသင်းများပူးပေါင်းပါဝင်ကြဖို့ ဝန်ကြီးချုပ်ဖိတ်ခေါ်

မန္တလေး၊ မေ ၂၅ ။  ။ မန္တလေးခရိုင်အတွင်းတွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားမှုများ ပပျောက်စေရန်အတွက် လူမှုပရဟိတအသင်းများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ သတင်းပေးတိုင်ကြားရန် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က "အဲဒီလိုသတင်းပေးတာကိုလည်း ကာကွယ်ပေးပါမယ်။ ပရဟိတ အသင်းတွေကို လိုအပ်တာမှန်သမျှ ဥပဒေဘောင်အတွင်းက ကူညီပေးပါမယ်။"ဟု မေ ၂၅ရက်က ပရဟိတအသင်း ၁၈၄သင်း နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မန္တလေးခရိုင်အတွင်းတွင် လူငယ်တစ်ချို့ မူးယစ်ဆေးဝါးသုံးစွဲပြီး လုယက်မှုများ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် လူမှုပရဟိတအသင်းများအနေဖြင့် အစိုးရအဖွဲ့နှင့် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။

မန္တလေးတိုင်းအတွင်း မူးယစ်ဆေးဝါးမှုနှင့် လောင်းကစားမှုများ ပပျောက်ရန်အတွက် မန္တလေးတိုင်းရဲတပ်ဖွဲ့က ရက် ၁၀၀ စီမံချက်တွင် အဓိကထား ဆောင်ရွက်ပေးရန်လည်း မေ ၁၇ရက်က ရဲတပ်ဖွဲ့ဝင်များ နှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ညွှန်ကြားထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly