ကမ္ဘာ့အကြီးဆုံးနှင့် အမြန်ဆုံး မီးသတ်လေယာဉ်ကို အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ်တွင် ထုတ်ဖော်ပြသ

ကမ္ဘာ့အကြီးဆုံးနှင့် အမြန်ဆုံး မီးသတ်လေယာဉ်ကို အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ်တွင် ထုတ်ဖော်ပြသ

မေ ၇ ။            ။ ကမ္ဘာ့အကြီးဆုံးနှင့် အမြန်ဆုံးသော မီးသတ်လေယာဉ်တစ်စီးကို မေလ ၅ ရက်က အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ်ရှိ အခြေစိုက်စခန်းတစ်ခုတွင် ပြသခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Global Super Tanker Services ကုမ္မဏီက ထုတ်လုပ်ခဲ့သော အဆိုပါ မီးသတ်လေယာဉ်မှာ ကမ္ဘာပေါ်ရှိ မည်သည့် နေရာကိုမဆို နာရီ ၂၀ အတွင်း အချိန်မီ သွားရောက်နိုင်သည်ဟု သိရသည်။ ယင်းအပြင် လေယာဉ်သည် ရေဂါလံပေါင်း ၂၀,၀၀၀ နီးပါး ကို  သယ်ဆောင်သွားနိုင်မည်ဖြစ်ပြီး မီးလောင်ရာနေရာသို့ အလျင်မြန်ဆုံးရောက်ရှိ ငြိမ်းသတ်နိုင်မည်ဖြစ်သည်။

လက်ရှိ ကမ္ဘာပေါ်တွင် တောမီး လောင်ကျွမ်းမှုများ အရှိန်မြင့်လာချိန်တွင် အဆိုပါ လေယာဉ်မှာ အကောင်းဆုံး အဖြေတစ်ခု ဖြစ်သည်ဟု ကုမ္မဏီကပြောသည်။

" ထိခိုက်ပျက်စီးမှု များစွာဖြစ်စေနိုင်တဲ့ မီးလောင်ကျွမ်းမှုတွေဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခုလို ဖြစ်လာနေတာကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Global super Tanker မီးသတ်လေယာဉ်က အကောင်းဆုံး အားထုတ်ပေးပါလိမ့်မယ်" ဆိုပြီး ကုမ္မဏီ၏ ဥက္ကဌ ဂျင်ဝီလာက ပြောသည်။

လေယာဉ်သည် အရှိန်နှုန်းပိုင်း၊ အနိမ့်အမြင့် ပိုင်းတို့တွင် လိုသလို ထိန်းချုပ်ပျံသန်းနိုင်မည်ဖြစ်ပြီး မြေပြင်ရှိ အဆောက်အအုံ၊ သဘာ၀ အရင်းအမြစ်များကို ထိခိုက်မှုမရှိစေဘဲ ပျံသန်းပေးနိုင်မည်ဖြစ်ကြောင်း ကုမ္မဏီက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required