Toyota ၏ FORTUNER ကားအမျိုးအစားသစ် စတင်မိတ်ဆက်

Toyota ၏ FORTUNER ကားအမျိုးအစားသစ် စတင်မိတ်ဆက်
ဓာတ်ပုံ-နှင်းအဉ္ဖလီ

ရန်ကုန် မေ ၅ ။           ။ Toyota FORTUNER ကားအမျိုးအစားသစ်ကိုလှိုင်မြို့နယ်ရှိToyataMingalar Showroom တွင် မေ ၅ရက်နေ့ ညနေ ၃နာရီက စတင်မိတ်ဆက်ခဲ့သည်။

အဆိုပါကားအမျိုးအစားသစ်သည် SUV (Sport-Utility Vehicle) အမျိုးအစားဖြစ်ပြီးထူးခြားထင်ရှား သည့် ဒီဇိုင်းဖြင့်ထုတ်လုပ်ထားကာ အကြမ်းခံပြီး 3.0Lဒီဇယ် အင်ဂျင်၊ 4WD စွမ်းရည်နှင့် အခြားလုံခြုံမှုဆိုင်ရာ အဆင့်မြင့်စွမ်းရည်များပါဝင်ကြောင်း ဆိုထားသည်။

ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၆၁,၃၀၀ ဖြစ်ပြီးအရောင် ၇မျိုးရှိကာ တရားဝင်အရောင်းကိုယ်စား လှယ်များဖြစ်သည့် Toyota  Aye & Sons နှင့် Toyota Mingalarတွင် မေ ၅ရက်နေ့မှ စတင်၍ ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

မေ ၇ရက်နှင့် ၈ရက်တို့တွင်လည်း Myanmar Plaza တွင် FORTUNER  မိတ်ဆက် Road Show ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required