လူငယ်များ နိုင်ငံရေးတွင်စိတ်ဝင်စားမှု အားနည်းကြောင်း လွှတ်တော်အမတ်ထောက်ပြ

လူငယ်များ နိုင်ငံရေးတွင်စိတ်ဝင်စားမှု အားနည်းကြောင်း လွှတ်တော်အမတ်ထောက်ပြ

ရန်ကုန် မေ ၅ ။              ။ လူငယ်များနိုင်ငံရေးတွင် စိတ်ဝင်စားမှုအားနည်းနေကြောင်း AIESEC မြန်မာအဖွဲ့ ၏ ရန်ကုန်နည်းပညာတက္ကသိုလ်၌ ဧပြီ ၃၀ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော Myanmar Youth Speak Forumတွင် ကျောက်တံတားမြို့နယ်မှNLDအမတ်ဖြစ်သူ ဒေါ်ကြည်ပြာက ထောက်ပြပြောဆိုခဲ့သည်။

ယခုခေတ်ကာလတွင် လူငယ်များသည် အခြားသောဘာသာရပ်များကို လေ့လာကြိုးစား သင်ယူသော်လည်း နိုင်ငံရေးဘာသာရပ်အား လေ့လာသင်ယူမှု အားနည်းနေကြောင်းနှင့် နိုင်ငံရေး လုပ်ဆောင်မှုတို့တွင် စိတ်ပါဝင်စားမှုနည်းကြောင်း တို့ကို ယခု လွှတ်တော်တွင် လူငယ်များ အားနည်းနေခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း ကို ဝေဖန်တိုက်တွန်း ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ နိုင်ငံရေးဘာသာရပ်အား သင်ကြားပေးလျက်ရှိသော ဒေါ်ခင်မမမျိုးက မြန်မာနိုင်ငံတွင် အသက်၃၅နှစ်အောက်သည် လူငယ်များဖြစ်ပြီးမြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လူငယ်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် နိုင်ငံရေးလုပ်ရေးထက် နိုင်င်ငံရေးစိတ်ဓာတ်ရှိရန် သာလိုကြောင်း ပြောကြားသည်။

အင်္ဂလန်နိုင်ငံ၌ လူငယ်များ  နိင်ငံရေးစိတ်ဓာတ်ရှိရန် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ နိုင်ငံရေး အသိပညာများ သင်ကြားပေးလျက် ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရှိ လူငယ်များ နိုင်ငံရေး အသိပညာရှိရန် ကျောင်းများက မူလတန်းမှစ ၍ နိုင်ငံရေး အသိပညာများ သင်ကြားပေးခြင်းဖြင့်  နိုင်ငံရေးတွင် ပိုမိုစိတ်ဝင်စားလာ နိုင်ကြောင်းကို ဒေါ်ခင်မမမျိုးက ဝေဖန် ထောက်ပြသည်။

မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၌ လူမှုရေးဘာသာရပ်ကို နောက်ဆုံးနှစ် သင်ကြားလျက်ရှိသော မဂျူလီယာက နိုင်ငံရေးကို လူငယ်များ လုံးဝစိတ်ဝင်စားသင့်ကြောင်း၊ နိုင်ငံရေးဆိုသည်မှာ မိမိနိုင်ငံ၏ အရေးဖြစ်ကြောင်း၊ လူငယ်တစ်ယောက် အနေဖြင့် စိတ်မဝင်စားလျှင် အကြီးမားဆုံး အရှုံးဖြစ်ကြောင်း  ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required