မြင်းခြံမြို့နယ် ကိုင်းရွာ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်

By KMN(မဇ္ဈိမ)
17 November 2023
မြင်းခြံမြို့နယ် ကိုင်းရွာ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြိုင်မြိုင်ဆိုင်ဆိုင် သုံးခရိုင်စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၆ ရက်နေ့က စတင်ခဲ့ပြီး မြင်းခြံမြို့နယ် ကိုင်းရွာ(ရန္တပို) စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

မြင်းခြံမြို့နယ် ကိုင်းရွာ(ရန္တပို) စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်တွေနဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင် အချိန်ခန့်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ မြင်းခြံခရိုင် တပ်ရင်း(၂) ယာယီတပ်ရင်းမှူးက မဇ္ဈိမကိုပြောပါတယ်။

ကိုင်းရွာကို စစ်ကူသွားဖို့ပြင်ဆင်နေတဲ့ မြင်းခြံမြို့နယ် ဧရာဝတီမြစ်ကြောင်း ဆီမီးခုံ ရေနက်ဆိပ်ကမ်းက စစ်ကောင်စီသင်္ဘောတွေကို ဒရုန်းနဲ့  တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့တာဝန်ခံ ကပြောပါတယ်။

မြင်းခြံမြို့နယ် ကိုင်းရွာ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၁)  တပ်ရင်း (၂) တပ်ရင်း(၃) ၊ ညောင်ဦး မြင်းခြံခရိုင် ပကဖအဖွဲ့တွေ မြင်းခြံခရိုင်က Local PDF တပ်ရင်းတပ်ဖွဲ့တွေ မြောင်မြို့နယ်က တပ်ပေါင်းစု  CDSOM ဒရုန်းတပ်ဖွဲ့ စတဲ့ ပြည်သူ့ကာကွယ်ရေး ပကဖ ပလဖ အဖွဲ့ ၁၆ ဖွဲ့က ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly