အသက် ၉၀ အရွယ် အမေရိကန်အထက်လွှတ်တော်အမတ်ဟောင်းတစ်ဦး လိင်တူချင်း လက်ထပ်မည်

အသက် ၉၀ အရွယ် အမေရိကန်အထက်လွှတ်တော်အမတ်ဟောင်းတစ်ဦး လိင်တူချင်း လက်ထပ်မည်

နယူးယောက်၊ ဧပြီ၊ ၂၅ ။          ။ အသက် ၉၀ အရွယ်ရှိပြီဖြစ်သည့် အမေရိကန်အထက်လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ ဟားရစ်ဝုဖို့ဒ်သည်  အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးနှင့် မကြာမီ တရားဝင်လက်ထပ်တော့မည်ဖြစ်သည်။

မာတင်လူသာကင်းဂျူနီယာနှင့် သမ္မတဂျွန်၊အက်ဖ်၊ကနေဒီ တို့၏ထိပ်တန်းအကြံပေးအဖြစ်ဆောင်ရွက်ခဲ့ဖူးသော ဒီမိုကရက်တစ်အမတ်ဟောင်း ဟားရစ်ဝုဖို့ဒ်သည် သူနှင့် မက်သရူးချာလ်တန် တို့လက်ထပ်မည့်သတင်းကို တနင်္ဂနွေနေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

ဟားရစ်ဝုဖို့ဒ်သည် သူ၏ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အမျိုးသားတစ်ဦးနှင့်လက်ထပ်ရန်စီစဉ်လာခဲ့ခြင်း ဖြစ်သည်။

'' ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ လူတွေကို အမျိုးအစားခွဲပြီး တံဆိပ်ကပ်လေ့ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့သူတွေအတွက် ကိုယ့်ကိုယ်ကိုယ် လိင်အပေါ်အခြေခံပြီး အမျိုးအစားခွဲတာမျိုးမလုပ်ပါဘူး။ ကျွန်တော်ဟာ ရာစုနှစ်တစ်ဝက်လောက် အလွန်ကောင်းမွန်တဲ့အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုပြီးအတူနေထိုင်ခဲ့ပါတယ်။ အခုကျွန်တော်   ပျော်ရွှင်မှုကိုရှာတွေ့ဖို့အတွက် ဒုတိယအကြိမ်ကံကောင်းပြန်ပါပြီ '' ဟု သူနှင့်မက်သရူးချာလ်တန်တို့ လက်ထပ်တော့မည့်အကြောင်း ကြေညာချက်ထဲတွင် ဟားရစ်ဝုဖို့ဒ်က   ရေးသားထားသည်ကို တွေ့ရသည်။

ဝုဖို့ဒ်သည် ၁၉၉၆ ခုနှစ်တွင် ဇနီးဖြစ်သူကွယ်လွန်ခဲ့ပြီးနောက် ၅ နှစ်အကြာမှာပင်  ချာလ်တန်နှင့် စုံစည်းခဲ့ခြင်းကာ ထိုစဉ်က သူ၏အသက်မှာ ၇၅ နှစ်ဖြစ်ပြီး ချာလ်တန်မှာ ၂၅ နှစ်သာရှိသေးကြောင်း ဝုဖို့ဒ်၏ ကြေညာချက်တွင် ရေးသားထားချက်အရ သိရသည်။

သူတို့နှစ်ဦးသည် စတွေ့တွေ့ချင်းမှာပင် စိတ်လှုပ်ရှားခဲ့ကြပြီး အချိန်ကြာမြင့်လာခဲ့ပြီးသည့်နောက်တွင်မူ သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ပိုမိုခိုင်မြဲလာခဲ့သည်ဟုလည်း ဝုဖို့ဒ်က ရေးသားထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required