မလေးရှားတွင် ဆောက်လက်စ အဆောက်အအုံပြိုကျပြီး မြန်မာအလုပ်သမား ၄ ဦး ပိတ်မိနေဖွယ်ရှိ

By Malay Mail
09 November 2023
မလေးရှားတွင် ဆောက်လက်စ အဆောက်အအုံပြိုကျပြီး မြန်မာအလုပ်သမား ၄ ဦး ပိတ်မိနေဖွယ်ရှိ

မလေးရှားနိုင်ငံ တီရန်ဂါနူပြည်နယ် Perhentian ကျွန်းစု အပန်းဖြေနေရာတခုရှိ ဆောက်လက်စ အဆောက်အအုံတခု နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ပြိုကျမှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားများဟု ယူဆရသည့် အလုပ်သမား လေးဦး အသက်ရှင်လျက် ပိတ်မိနေဖွယ် ရှိကြောင်း မလေးရှားသတင်းများတွင် ဖော်ပြသည်။

ဖြစ်စဉ်တွင် အခြား မြန်မာအလုပ်သမား လေးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း တီရန်ဂါနူပြည်နယ်၏ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန (JBPM) မှ လက်ထောက် ညွှန်ကြားရေးမှူး မိုဟာမက် ဘက်စ်ရီ ကာမာရာဇာမန်က ပြောသည်။

“ဖြစ်စဉ်နဲ့ပတ်သက်လို့ မနက် ၇ နာရီ ၃၄ မိနစ်မှာ မီးသတ်ဌာနကို ပြည်သူတယောက်က ဖုန်းဆက်အကြောင်းကြားတာကို လက်ခံရရှိခဲ့တယ်။ အဲဒါနဲ့ ဖြစ်ပွားတဲ့နေရာကို ဘီဆက် မီးသတ်ဌာနက အဖွဲ့တဖွဲ့ကို စေလွှတ်ထားတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

အပျက်အစီးများအောက် ပိတ်မိနေသည့် လူလေးဦးကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ရှာဖွေရေးလုပ်ငန်းများတွင် ကူညီရန် အနံ့ခံခွေးနှင့် လေတပ် တပ်ဖွဲ့များကို JBPM က အကူအညီတောင်းထားကြောင်း ၎င်းက ပြောသည်။

ဒဏ်ရာရသူများကို ဆေးကုသမှုခံယူစေရန် Pulau Perhentian ဆေးခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required