အစိုးရသစ်လက်ထက်မှာ စွပ်စွဲခံထားရသောအမှုများမှလွတ်မြောက်မည်ဟု ယုံကြည်ကြောင်း ကိုလှဖုန်းပြောကြား

အစိုးရသစ်လက်ထက်မှာ စွပ်စွဲခံထားရသောအမှုများမှလွတ်မြောက်မည်ဟု ယုံကြည်ကြောင်း ကိုလှဖုန်းပြောကြား

ရန်ကုန်၊ဧပြီ ။           ။အရပ်သားအစိုးရသစ်လက်ထက်တွင် စွပ်စွဲခံထားသောအမှုများမှ လွတ်မြောက်မည်ဟု ယုံကြည်ကြောင်း ပုဒ်မ ၆၆ ဃ နှစ်မှု၊ ပုဒ်မ ၁၆၊ ပုဒ်မ ၅၀၅ ခ တို့ဖြင့် ကြက်ဖကြီးအကောင့်ပိုင်ရှင်ဟုဆိုကာ တရားစွဲဆိုခံထားရသော ကိုလှဖုန်းက မီဒီယာများအား ပြောကြားသည်။

ဧပြီ ၈ ရက်နေ့နှင့် ဧပြီ ၁၇ ရက်နေ့တွင် အစိုးရသစ်မှအကျဉ်းထောင်ထဲတွင်ရှိသော နိုင်ငံရေးအကျဉ်းသားအချို့အားပြန်လည်လွတ်မြောက်ပေးခဲ့သော်လည်း မိမိအနေဖြင့် မပါဝင်ခဲ့၍ ဆက်လက်စောင့်မျှော်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

" ဟိုရက်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ လွတ်ခဲ့တယ်။ အစိုးရသစ်လက်ထက်လည်းရောက်လာပြီဆိုတော့ ကျွန်တော်မဟုတ်တဲ့ စွပ်စွဲခံထားရတဲ့အမှုကနေလွတ်မြောက်မယ်လို့ ယုံကြည်ပါတယ်။ အခုနှစ်ခါလွတ်ပြီးသွားပြီ။ နောက်တစ်ခါတော့ ကျွန်တော်ပါမယ်လို့ မျှော်လင့်ပါတယ် '' ဟု ကိုလှဖုန်းက ပြောကြားခဲ့သည်။

ယခင်က ပုဒ်မ ၆၆ ဃ နှင့် ပုဒ်မ ၅၀၅ ခ တို့ဖြင့် တရားစွဲဆိုခံထားရသော ကိုလှဖုန်းအား ဧပြီ ၈ ရက်နေ့တွင်  နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ ဖြင့်ထပ်မံတရားစွဲဆိုလိုက်ပြီး၊ ထိုအမှုပုဒ်မနှင့်ပတ်သက်၍ မသိရကြောင်း ကိုလှဖုန်းက ပြောကြားခဲ့သည်။

" ကျွန်တော့်ကို ပုဒ်မ ၆၆ ဃ နှစ်မှု၊ ပုဒ်မ ၅၀၅ ခ နဲ့ ကျွန်တော်တောင်မသိတဲ့ နိုင်ငံတော်အလံဥပဒေပုဒ်မ ၁၆ နဲ့ပါထပ်စွဲထားပါတယ်။အဲဒါတွေကို ကျွန်တော်သိတောင်မသိပါဘူး။ ကျွန်တော်ဟာ ကြက်ဖကြီးလည်း မဟုတ်ပါဘူး။ကြက်ဖကြီးဟာ ကိုလှဖုန်းလို့ပဲ ပြောနေပါတယ်။ကျွန်တော်ကတော့ ကျွန်တော်ဟာ ကြက်ဖကြီးအစစ်မဟုတ်တဲ့အတွက် လွတ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။" ဟု ကိုလှဖုန်းက ပြောကြားခဲ့သည်။

ကိုလှဖုန်းအကျဉ်းထောင်ထဲရှိနေစဉ် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ကြက်ဖကြီးအကောင့်မှ စာများတင်ခြင်း၊ ပုံများချိန်းခြင်းတို့ ပြုလုပ်နေသည့်အတွက် မိမိအကျဉ်းထောင်အခန်းအား လာရောက်စစ်ဆေးမှုများရှိခဲ့ကြောင်းလည်း ကိုလှဖုန်းက ပြောကြားခဲ့သည်။ 

" ကျွန်တော်ထောင်ထဲမှာရှိနေတဲ့အချိန် ၄ လပိုင်း ၉ ရက်နေ့ကထောင်ထဲမှာ အထူးရှာဖွေရေးတစ်ခု ပြုလုပ်ခဲ့တယ်။ နေ့လည် ၁ နာရီ တန်းပိတ်တဲ့အချိန်မှာ  အရာရှိ ၃ ပွင့်နှစ်ယောက်နဲ့ ထောင်ဝန်ထမ်း ၈ ယောက်လောက်ကရှာဖွေရေးလာလုပ်တယ်။ အဲဒါနဲ့ ဘာလုပ်ဖို့ရှာတာလဲလိုပမေးတော့ အပြင်မှာ ကြက်ဖကြီးအကောင့်ကနေ ပို့စ်တွေတက်နေလို့ ခင်ဗျားမှာတယ်လီဖုန်းသုံးနေတယ်ထင်လို့ရှာခိုင်းတာပါလို့ ပြောပါတယ်။ သူတို့လည်း မတွေ့ပါဘူး။ ကျွန်တော့်မှာလည်း တယ်လီဖုန်းမရှိပါဘူး။" ဟု ကိုလှဖုန်းက ပြောကြားခဲ့သည်။

ယနေ့ အမှုရင်ဆိုင်ရန်ရွှေပြည်သာတရားရုံးသို့ရောက်ရှိနေသော ကဗျာဆရာမောင်ဆောင်းခနှင့် မရမ်းကုန်းတရားရုံတွင်အမငရင်ဆိုင်နေရသော ကိုလှဖုန်းတို့အား လွှတ်မြောက်မည်ဟု ထင်မိသောလည်း မလွတ်မြောက်သည့်အတွက် စိတ်မကောင်းဖြစ်၇ကြောင်း တရားလွှတ်တော်ရှေကနေ ဦးရောဘတ်စန်းအောင်က ပြောကြားခဲ့သည်။

ကိုလှဖုန်းကို ဧပြီလ ၂၇ ရက်နေ့တွင် ထပ်မံရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required