အမေရိကန် ဝန်ကြီး Blinken အစ္စရေးကို ရောက်ရှိ | VOA On Mizzima

By မဇ္ဈိမ 
12 October 2023
အမေရိကန် ဝန်ကြီး Blinken အစ္စရေးကို ရောက်ရှိ | VOA On Mizzima

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးနိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်နဲ့ ပတ်သတ်လို့ ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အစ္စရေး နိုင်ငံကို သွားရောက်ပါတယ်။ အစ္စရေးအပြင် ဂျော်ဒန် နိုင်ငံကိုလည်း သွားရောက်မှာဖြစ်ပြီး အစ္စရေးပါလက်စတိုင်း စစ်ပွဲ ကိစ္စတွေ ဆွေးနွေးပါလိမ့်မယ်။ ဂါဇာဒေသမှာ ဟားမတ်စ် အဖွဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်လာဖို့ နိုင်ငံအားလုံးနဲ့ လက်တွဲဆောင်ရွက်မှာဖြစ်ကြောင်း အမေရိကန်ဘက်က ပြောဆိုအပြီးမှာပဲ ဘလင်ကန် အခုလို အစ္စရေးကို သွားရောက်တာပါ။ နိုင်ငံခြားရေးဌာန VOA သတင်းထော် Nike Ching ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required