မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု နိုင်ငံတကာ အာရုံစိုက်ဖို့ လိုအပ်| VOA On Mizzima 

By မဇ္ဈိမ 
29 September 2023
မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု နိုင်ငံတကာ အာရုံစိုက်ဖို့ လိုအပ်| VOA On Mizzima 

ယူကရိန်းနဲ့ အာဖဂန်နစ္စတန်အရေးလိုမျိုး ကမ္ဘာ့ပြဿနာတွေကြားမှာ မြန်မာ့အရေး နိုင်ငံတကာက အာရုံစိုက်ဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၊ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးဖို့ လိုသလို လူ့အခွင့်အရေးချိုးဖောက်သူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ ဆောင်ရွက်ဖို့လိုကြောင်းလည်း သူက ပြောပါတယ်။ မအိသန့်စင်က ဝါရှင်တန်ဒီစီမြို့တော် ဗွီအိုအေစတူဒီယိုမှာ သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required