စစ်ကောင်စီတပ် လုံခြုံရေးယူထားသည့် ဆေးရုံဝင်းအတွင်းမှ ကားကို CDF မင်းတပ် သိမ်းယူ

By ပါခွီး (မဇ္စျိမ)
29 August 2023
စစ်ကောင်စီတပ် လုံခြုံရေးယူထားသည့် ဆေးရုံဝင်းအတွင်းမှ ကားကို CDF မင်းတပ် သိမ်းယူ
ပုံအညွှန်း - စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသော CDF – Mindat ရဲဘော်များ (ဓါတ်ပုံ - CDF – Mindat)

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးတင်းကြပ်ထားသည့် ဆေးရုံဝင်း အတွင်းမှ ကားတစီးအား သိမ်းယူခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF–Mindat က ဩဂုတ် လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“စစ်တပ်ကဆရာဝန် ကြိုပို့နေတဲ့ ကားပါ။ လူနာတင်ယာဥ် မဟုတ်ပါဘူး။ အဲဒီကားကို လိုအပ်တဲ့နေရာမှာ အသုံးပြုသွားမှာပါ” ဟု CDF–Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ဌာနမှူး ဇလပ်သွေးက မဇ္စျိမကိုပြောသည်။

မင်းတပ်မြို့ရှိ မီးသတ်ကုန်း၊ အထက(၂)အပါအဝင် ဌာနဆိုင်ရာရုံးများနှင့် မြို့အဝင်အထွက်ဂိတ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးစောင့်ကြပ်နေသည့်ကြားက ဆေးရုံဝင်းအတွင်းမှ ကားတစီးအား ဩဂုတ်လ ၂၀ ရက် ညပိုင်းတွင် မောင်းနှင်ယူဆောင်သွားခြင်းဖြစ်သည်ဟု  ဒေသခံတဦးက မဇ္ဈိမသို့ ပြော သည်။

ကားသိမ်းယူခံရပြီးနောက် မင်းတပ်မြို့တွင်းရှိ ဆေးရုံနှင့်ကျောင်းများအပါအဝင် ရုံးများကို ပိတ်ထားရန် စစ်ကောင်စီက နုတ်မိန့်ဖြင့် ညွှန်ကြားထားသည်ဟုလည်း သိရသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် မတရား စွပ်စွဲဖမ်းဆီးမှု ပိုမိုများ ပြားလာသည့်အတွက် အထူးသတိပြုနေထိုင်ရန် CDF – Mindat က တိုက်တွန်းထားသည်။

ယနေ့ ဩဂုတ်လ ၂၉ ရက်တွင်လည်း မင်းတပ်မြို့အတွင်း တိုက်ပွဲဖြစ်ပွား‌နေကြောင်းကြားသိရပြီး အခြေ အနေများ သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် စုံစမ်းလျက်ရှိသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly