၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲတက်ရောက်ကြည့်ရှုမှုနဲ့ လက်မှတ် စံချိန်မှတ်တမ်း ဆက်လက်တိုးတက်

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲတက်ရောက်ကြည့်ရှုမှုနဲ့ လက်မှတ် စံချိန်မှတ်တမ်း ဆက်လက်တိုးတက်

မာတီဒက်စ်တို့ရဲ့ ပွဲတွေဟာ လက်မှတ်စောင်ရေဝယ်ယူမှုအများဆုံးဖြစ်လာတာနဲ့အမျှ သြစတြေးလျအသင်းဟာ အမျိုးသမီးကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ရောက်ရှိလာခဲ့ပြီး တိုးချဲ့ထားတဲ့ ၃၁ အသင်းပုံစံဟာ ပြိုင်ပွဲမှာ ပရိသတ် ဝင်ရောက်ကြည့်ရှုမှုအတွက် စံဈိန်မှတ်တမ်းတွေ ရေးထိုးနိုင်အောင် ကူညီပေးခဲ့ပြီဖြစ်ပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်တို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီပြိုင်ပွဲအတွက် လက်မှတ်စောင်ရေပေါင်း ၁.၇၇ သန်း ရောင်းချခဲ့ရပြီ်း ပွဲ ၆၀ အတွက် ပရိသတ်ပေါင်း ၁,၇၃၄,၀၂၈ ဦး ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (FIFA) က အင်္ဂါနေ့မှာ ပြောပါတယ်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားအတွက် စံချိန်တင် ပွဲတက်ရောက်ကြည့်ရှုမှုဟာ ၂၀၀၀ ပြည့်အိုလံပစ်ပြိုင်ပွဲအတွက် တည်ဆောက်ထားတဲ့ ဆစ်ဒနီရဲ့ Stadium Australia မှာ ပရိသတ်ဝင်ဆံမှု ကန့်သတ်ထားတဲ့အနေအထားအောက်မှာတောင် ပွဲစဉ်သုံးပွဲအတွက် ၇၅,၇၈၄ ဦးဖြစ်ပါတယ်။

အားကစားကွင်း ၁၀ ခုရှိ ပွဲစဉ်တွေအတွက် ပျမ်းမျှ ပရိသတ်မှာ ၂၈,၉၀၀ ရှိပြီး ၂၀၁၉ ပြင်သစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရှိ ပွဲစဉ်တွေရဲ့ ပျမ်းမျှ ၇,၀၀၀ အထက်မှာရှိပြီး အရင်အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၈ ခုမှာ သမိုင်းဝင် ပျမ်းမျှ ၄,၀၀၀ ကျော်အထက်မှာရှိကြောင်း ဖီဖာက ပြောပါတယ်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ယှဉ်ပြိုင်မှုကို ၂၄ သင်းကနေ ၃၂ သင်းအထိ တိုးချဲ့ခဲ့တာပါ။

သြစတြေးလျအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရစ္စဘိန်းတွင် ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ် ၇-၆ ဂိုးနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

တတိယနေရာလုပွဲကို သြဂုတ် ၁၉ ရက်၊ ဗိုလ်လုပွဲကို သြဂုတ် ၂၀ ရက်တို့မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

Ref; AP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required