ယိုယွန်ဆော့နဲ့ ကင်ဂျီဝမ်တို့ တွဲနေသည်ဟူသော သတင်းမှာ မဟုတ်ကြောင်း အေဂျင်စီ ငြင်းဆို

ယိုယွန်ဆော့နဲ့ ကင်ဂျီဝမ်တို့ တွဲနေသည်ဟူသော သတင်းမှာ မဟုတ်ကြောင်း အေဂျင်စီ ငြင်းဆို

တောင်ကိုရီးယား မင်းသား ယိုယွန်ဆော့နှင့် မင်းသမီး ကင်ဂျီဝမ်တို့နှစ်ဦး တွဲနေသည်ဟူသော သတင်းမှာ ကောလဟာလ သတင်းသာဖြစ်ကြောင်း ၎င်းတို့နှစ်ဦး၏ အေဂျင်စီ King Kong Entertainment က ပြောကြားသည်။

ယိုယွန်ဆော့နှင့် ကင်ဂျီဝမ်တို့နှစ်ဦး တွဲနေသည်မှာ လေးနှစ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း  Sports Chosun သတင်းမီဒီယာက ဖော်ပြခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး တွဲနေသည်ဟူသော ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယိုယွန်ဆော့နှင့် ကင်ဂျီဝမ်တို့ကို မတ်၂၉ ရက်က ဆိုးလ်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ၎င်းတို့၏ မန်နေဂျာများနှင့်အတူ တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ညစားစားပြီးနောက် ကင်သည် ယို၏ကားဖြင့် အိမ်သို့ ပြန်သွားခဲ့သည်။

“သူတို့နှစ်ဦးဟာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦး တွဲနေတာ မဟုတ်ပါဘူး” ဟု အေဂျင်စီမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယိုယွန်ဆော့နှင့် ကင်ဂျီဝမ်တို့ ၂၀၁၂ ခုနှစ် “Horror Stories” ဇာတ်ကားတွင် ပါဝင် သရုပ် ဆောင်ခဲ့သည့်အချိန်က ၎င်းတို့နှစ်ဦး တွဲနေကြောင်း ပထမဆုံး သတင်းထွက်ရှိခဲ့သည်။

၂၀၁၅ ခုနှစ် ကလည်း ပြည်တွင်းမဂ္ဂဇင်း Woman Sense က ၎င်းတို့နှစ်ဦး တွဲနေကြောင်း ထပ်မံ ဖော်ပြခဲ့သည်။ King Kong Entertainment အေဂျင်စီက ယိုယွန်ဆော့နှင့် ကင်ဂျီဝမ်တို့ တွဲနေသည်ဆိုမှာ မဟုတ် ကြောင်းနှင့် သူငယ်ချင်းများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယိုသည် မကြာမီ ထုတ်လွှင့်ပြသမည့် “Love,Lies” ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွား မည်ဖြစ်ပြီး ကင်သည် KBS 2TV ရုပ်သံ၏ “ Descendants of the Sun” ဒရမ်မာဇာတ်လမ်းတွဲတွင် ဂျူနီယာအရာရှိအဖြစ် သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required