ကိုမန်မုန်တိုင်းဒဏ်သင့် ကျေးရွာတစ်ချို့ သောက်သုံးရေပြတ်လပ်နေ

ကိုမန်မုန်တိုင်းဒဏ်သင့် ကျေးရွာတစ်ချို့ သောက်သုံးရေပြတ်လပ်နေ
ရသေ့တောင်မြို့နယ် ကျေးလက်တချို့အား သောက်သုံးရေး ပေးဝေနေစဉ် (ဓာတ်ပုံ - ကျော်မင်း/မဇ္စျိမ)

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မေလနောက်ဆုံး သီတင်းပတ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ကိုမန်မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသ ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားဒေသများတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေကြရပြီး သောက်သုံးရေလိုအပ်မှုအတွက် ဒေသခံများကို လိုလားနေကြသည်။

ရသေ့တောင်မြို့နယ်ရှိ မုစဲကမ်းဒေသရှိ ကျေးရွာ ၂၂ ရွာတွင် လိုအပ်နေသော သောက်သုံးရေ အကူအညီအတွက် ကျေးလက်ဒေသနှင့် ဖွံ့ဖြိုးရေး ဦးစီးဌာနက ပြီးခဲ့သည့် မတ်လအတွင်းက ရေဂါလံပေါင်း တစ်သောင်းကျော် ပံ့ပိုးပေးခဲ့ပြီး ထပ်မံ၍ ကျေးရွာပေါင်း ၁၉၀ ၏ သောက်သုံးရေလိုအပ်မှုကို ဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ရသေ့တောင်မြို့နယ် ဦးစီးမှူး ဦးထွန်းရန်နိုင်သူက မဇ္ဈိမကို ပြောကြား ခဲ့သည်။

“အလ်နီညိုရာသီဥတုရဲ့ အပူချိန်နဲ့ ကိုမန်မုန်တိုင်းဒဏ်ပါ သင့်ခဲ့ရတော့ ကျေးလက်အတော်များများမှာ ရေရှားပါးမှုနှင့် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ ကျနော်တို့ သောက်သုံးရေ ပံ့ပိုးကူညီမှုတွေကို လုပ်နေပါတယ်။ သောက်သုံးရေ ရရှိနိုင်တဲ့ ဘယ်နေရာကမဆို သန့်စင်ပြီးတော့ ဆက်လက်ပြီးတော့မှ တခြားမြို့နယ်တွေကို ဆောင်ရွက်ပေးသွားဖို့ကိုလည်း သက်ဆိုင်ရာ မြို့နယ် အလိုက် တာဝန်ရှိသူများနဲ့ ဆောင်ရွက်ဖို့ စီစဉ်နေကြပါတယ်။”

ရသေ့တောင်မြို့နယ်က  ကျေးရွာပေါင်း ၁၉၀ ကျော်အတွက် ရေရှားပါးမှုကိုဖြေရှင်းရန် နည်းလမ်းလေးခုရေးဆွဲထားပြီးလို့လည်းပန်းဇင်းကျေးရွာ ရေလူဒါန်းမှုအစီစဉ်မှာ ယခုအခါ ရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည့် ကိုမန်မုန်တိုင်းဒဏ်သင့် ဒေသများအတွက် အိမ်ထောင်စု တစ်ခုလျှင် သောက်သုံးရေ သုံးစွဲမှု တစ်ရက်လျှက် လီတာ ၄၀ ခန့်သာ အသုံးပြုနေရကြောင်း ဒေသခံများက ပြောသည်။

“လောလောဆယ်မှာ သောက်သုံးရေ ဖူလုံဖို့အတွက် တစ်အိမ်ကို သွပ်ရေအိုး ၂ အိုးကျစီနဲ့ အသုံးပြုဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ ” ဟု ကိုမန်မုန်တိုင်းဒဏ်သင့် ရသေ့တောင်မြို့နယ် ဒေသခံ ကိုကျော်စိုးက ပြောကြားခဲ့သည်။

ကိုမန်မုန်တိုင်းဒဏ်ကြောင့် သောက်သုံးရေကန်များသို့ ရေဆိုးများ ဝင်ရောက်ခဲ့မှုကို စုပ်ယူလိုက်ခဲ့ကြသည့်အတွက် ယခုနွေရာသီတွင် သိုလှောင်ရေ ခမ်းခြောက်မှုနှင့် ရင်ဆိုင်နေခြင်း ဖြစ်ကြောင်း ကျေးလက်ဒေသနှင့် ဖွံ့ဖြိုးရေး ဦးစီးဌာနက မှတ်ချက်ပြု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required