ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရ (ရုပ်သံ၊သတင်း)

By MTO (မဇ္ဈိမ)
22 July 2023
ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရ (ရုပ်သံ၊သတင်း)

စစ်ကိုင်းတိုင်း၊  ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၅ ရွာလောက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

အင်အား ၁၅၀ ခန့်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ  ဇူလိုင်လ ၁၉ ရက်နေ့ က ဝမ်ပေါင်ကြေးနီစီမံကိန်းဝန်းအတွင်းက ထွက်လာပြီးနောက် ညောင်ပင်ကြီး ကျေးရွာမှာ အထိုင်ချကာ မနေ့က ဇူလိုင်လ ၂၁ ရက် နေ့ကစပြီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သတင်း MTO
တင်ဆက်၊တည်းဖြတ် MTO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required