စစ်ကောင်စီဟာ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီးဟန်ပြငြိမ်းချမ်းရေးကိုအကောင်အထည် ဖော်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ မအောင်မြင်တဲ့အပြင်မြန်မာ့ပြည်တွင်းစစ်သမိုင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ တိုက်ပွဲတွေ၊စစ်ဘေးရှောင်ဒုက္ခသည်သန်းနဲ့ချီပြီးများပြားလာတာတွေကသာပိုများလာပါတယ်။ ဒီလို မအောင်မြင်ဘူးဆိုတာကိုလည်း ဒီနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ အတိအလင်း ဖော်ပြထားတာကို တွေ့ကြရမှာပါ။ဒါပေမဲ့စစ်ကောင်စီက ဒီလို မအောင်မြင်ရတာဟာ သူတို့ကြောင့်မဟုတ်ပဲ ပြည်တွင်း၊ပြည်ပစွက်ဖက်မှုပယောဂအမျိုးမျိုးကြောင့်လို့ အ ကြောင်းပြပြန်ပါတယ်။