မြဝတီမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ

By သွင်ထူးဈာန် ကော်သူးလေ(မဇ္ဈိမ)
09 July 2023
မြဝတီမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ စိမ်းလဲ့မြိုင်ကားဝန်းအနီးတွင် ဇူလိုင်လ ၅ ရက်နေ့မှစတင် ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွား နေကြောင်း ကော်ဘရာစစ်ကြောင်းတာဝန်ရှိသူထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး ခမရ(၁၁၈)မှ ဗိုလ်မှူးတဦးနှင့် ဗိုလ်ကြီးတဦး အပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကပြောသည်။

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တဦးဒဏ်ရာရရှိကာ ဒရုန်းတစင်းနှင့် သေနတ်တလက်ပျက်စီးခဲ့ကြောင်း လည်း သိရသည်။
ထို့ပြင် ယမန်နေ့ ဇူလိုင်လ ၈ ရက်မှစတင်ကာ BGF တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် လက်ခတ်တောင် အနီးဝန်းကျင်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

“မနေ့ကတည်းက အခုထိတိုက်ပွဲဖြစ်နေတယ် လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားရတယ်။ စစ် ကောင်စီဘက်က သုံးယောက်သေတယ်၊ စနိုက်ပါထိတယ်လို့ကြားရတယ်”ဟု မြေပြင်သတင်းရင်းမြစ်၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မဲကနယ်ဒေသ၊ ကျောက်မိုင်းဒေသမှ အရပ် သားထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly