တော်လှန်ရေးထောက်ပို့ဆောင်ရွက်နေတဲ့ မလေးရောက်မြန်မာများရဲ့ Clicker Team Malaysia

တော်လှန်ရေးထောက်ပို့ဆောင်ရွက်နေတဲ့ မလေးရောက်မြန်မာများရဲ့ Clicker Team Malaysia

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားအချို့ဟာ Clicker Team Malaysia ကို တည်ထောင်ပြီး ထောက်ပို့တာ၀န် ထမ်းဆောင်နေကြပါတယ်။

Clicker Team Malaysia ဆိုတဲ့ ထောက်ပို့အဖွဲ့အစည်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလက စတင်ဖွဲ့စည်းခဲ့ကာ အဖွဲ့၀င် ၁၅၀ နီးပါး ပါ၀င်တယ်လို့ သိရပါတယ်။

Clicker Team Malaysia အနေနဲ့ မြေပြင်မှာတိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို  ဖြည့် ဆည်းနိုင်ဖို့ တော်လှန်ရေးအောင်မြင်ပြီးဆုံးတဲ့အချိန်အထိ ထောက်ပို့တာ၀န်တွေကို ထမ်းဆောင်သွားမှာ ဖြစ်ကြောင်း သတင်းစကားပါးထားပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်းမှာ အွန်လိုင်းပလက်ဖောင်းတွေကနေတဆင့် ရှာဖွေနိုင်ခဲ့တဲ့ တော်လှန်ရေး ရန်ပုံငွေဟာ  သိန်း ၉၀,၀၀၀ နီးပါးအထိ ရှိခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးအတွက် ထောက်ပို့ဆောင်ရွက်ကြပုံအကြောင်းကို Clicker Team Malaysia က တာဝန်ရှိသူ နဲ့ ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

သတင်းနှင့်တင်ဆက် - ရောင်နီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly