မုန်တိုင်းဒဏ်သင့်ဒေသခံတွေကို ရက္ခိုင့်တပ်တော်( AA )က ဘယ်လိုကူညီဆောင်ရွက်ပေးနေသလဲ (ရုပ်သံ)

By ရောင်နီ (မဇ္စျိမ)
22 June 2023
မုန်တိုင်းဒဏ်သင့်ဒေသခံတွေကို ရက္ခိုင့်တပ်တော်( AA )က ဘယ်လိုကူညီဆောင်ရွက်ပေးနေသလဲ (ရုပ်သံ)

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ ထိခိုက်ပျက်စီးမှုတွေအများအပြား ရှိခဲ့တာပါ။ 

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို ရက္ခိုင့်တပ်တော် (AA) က ကူညီကယ်ဆယ်မှုတွေ ဆောင်ရွက်ပေးနေပါတယ်။ 

အဲ့ဒီလို လုပ်ဆောင်ရာမှာ အမိုးအကာမရှိတဲ့ ပြည်သူတွေကို အမိုးအကာအောက် ရောက်ရှိရေး ဦးစားပေး ဆောင်ရွက်နေတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ 

ဒါပေမယ့် မုန်တိုင်းဒဏ်သင့်ပြည်သူတွေရဲ့ ၃၀ ရာခိုင်နှုန်းသာ ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးနိုင်သေးကြောင်းလည်း သူက ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီရဲ့ မလိုလားအပ်တဲ့ တားဆီးပိတ်ဆို့ကန့်သတ်မှုတွေဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ပိုပြီး ဒုက္ခပေးသလို ဖြစ်နေကြောင်းလည်း သူက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ 

ULA/ AA အနေနဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုကာ လူသားချင်းစာနာမှုအကူအညီနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်းလည်း သူက ဆိုပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ဒေသခံတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး  ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။

စာတည်း - သန့်ဇော်(သန်လျင်)
မေးမြန်း/ တင်ဆက် - ရောင်နီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly