အော်စကာဆုရှင် မင်းသမီးကြီး ပက်တီဂျု(က်) ကွယ်လွန်

အော်စကာဆုရှင် မင်းသမီးကြီး ပက်တီဂျု(က်) ကွယ်လွန်

၁၉၆၃ ခုနှစ် ရုပ်ရှင် The Miracle Worker ထဲတွင် ဟယ်လင်ကဲလားအဖြစ် သရုပ်ဆောင်ခဲ့ကာ ထိုဇာတ်ကားအတွက် အော်စကာဆု ရခဲ့သူ အမေရိကန် ရုပ်ရှင်မင်းသမီးကြီး ပက်တီဂျု(က်) (Patty Duke) မှာ အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ မတ်လ ၂၉ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

သူသည် အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် အော်စကာဆုကို ရခဲ့သည်သာမက ၁၉၈၀ ခုနှစ်တွင်လည်း ရုပ်သံဇာတ်လမ်းတစ်ခုတွင် ဟယ်လင်ကဲလား၏ ဆရာမအဖြစ် သရုပ်ဆောင်ခဲ့ခြင်းအတွက် Emmy ရုပ်သံ ထူးချွန်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

မင်းသမီးကြီးမှာ အင်္ဂါနေ့ အစောပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အူပေါက်ကာ ဘက်တီးရီးယားများ သွေးအတွင်းသို့ ဝင်ရောက်သွားခြင်းကြောင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သူ၏ ကိုယ်စားလှယ် Mitchell Stubbs က ကြေညာချက်ထဲတွင် ဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required