ဆယ်ကျော်သက်အရွယ် စိတ်ကျန်းမာရေးဆိုတာ ဘ၀မှာ အင်မတန် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။
ဒါကြောင့် ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်ကနေ ဒီတစ်ခါမှာတော့ ဆယ်ကျော်သက် စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
အပျိုဖော် လူပျိုဖော်ဝင်ချိန် ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ ဘာတွေ လုပ်ဆောင်သင့်သလဲ၊
သတိထားသင့်သလဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။